အကြမ်းဖက်စစ်တပ်ရုံးစိုက်ရာ နေပြည်တော်ကို စစ်မျက်နှာ ၃ ဘက်မှ ဗျူဟာ ၃ ခုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မည်

အကြမ်းဖက်စစ်တပ်ရုံးစိုက်ရာ နေပြည်တော်ကို စစ်မျက်နှာ ၃ ဘက်မှ ဗျူဟာ ၃ ခုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မည်

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၁

အကြမ်းဖက်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို စစ်မျက်နှာ ၃ ခုမှ ဗျူဟာ ၃ ခုဖြင့် ထိုးစစ်ဆင်တိုက် ခိုက် သွားမည်ဖြစ်ကြောင်း နေပြည်တော်တိုင်းကွက်ကဲရေးမှူး ဗိုလ်လက်ျာက ပြောကြားသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက်က နေပြည်တော်အနီး စစ်တောင်းမြစ်ဝှမ်းဒေသ၊ နေပြည်တော် တိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားစိုးမိုးနယ်မြေ၌ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာန၏ ဗျူဟာ အမှတ် ၁၉ ကို အခမ်းအနားဖြင့် ဖွဲ့စည်းလိုက်ကြောင်း၊ နေပြည်တော်ကို ထိုးစစ်ဆင်တိုက် ခိုက်နိုင်ရန်အတွက် ဗျူဟာ ၁၇၊ ၁၈၊ ၁၉ ဟူ၍ ဖွဲ့စည်းထားပြီး စစ်မျက်နှာ ၃ ခုမှ ထိုးစစ်ဆင် တိုက် ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

“နေပြည်တော်စစ်ဆင်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ဖို့ပါ။ နေပြည်တော်တိုင်းစစ်ဌာနမှာ စစ်ဗျူဟာ ၃ ခုရှိပါတယ်။ ဗျူဟာ ၃ ခုကတော့ ဗျူဟာ ၁၇၊ ဗျူဟာ ၁၈ နဲ့ အခု ဖွဲ့လိုက်တဲ့ ဗျူဟာ ၁၉ ပါ။ တစ်ဗျူ ဟာကို တပ်ရင်း ၄ ရင်းနဲ့ဖွဲ့စည်းထားပြီး စစ်မျက်နှာ ၃ ခုမှာ စစ်ဆင်ရေး ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါ ပြီးရင်တော့ အထွေထွေထိုးစစ်မှာ ဟန်ချက်ညီညီပါဝင်ဆောင်ရွက်မှာပါ” ဟု နေပြည်တော်တိုင်း ကွက်ကဲရေးမှူး ဗိုလ်လက်ျာက ပြောကြားသည်။

အဆိုပါ ဗျူဟာ ၁၉ ဖွဲ့စည်းခြင်း အခမ်းအနားသို့ နေပြည်တော်တိုင်းစစ်ဌာ တိုင်းစစ်ဆင်ရေး အရာရှိ၊ ဗျူဟာအမှတ် ၁၉ မှ တာဝန်ရှိသူများ၊ ဗျူဟာ ၁၉ ၏လက်အောက်ခံတပ်ရင်းများဖြစ်သော တပ်ရင်း ၈၀၆၊ တပ်ရင်း ၈၀၇၊ တပ်ရင်း ၈၀၈၊ တပ်ရင်း ၉၀၁ တို့မှ တပ်ရင်းမှူး၊ ဒုရင်းမှူးများ၊ တပ်ရင်း တာဝန် ရှိ သူများနှင့် ရဲဘော်များတက်ရောက်ခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကိုလည်း နည်းလမ်းမျိုး စုံနဲ့ တားဆီးသွားမှာပါ၊ မိဘပြည်သူတွေဘက်ကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နည်လမ်းမျိုးစုံ နဲ့ ဆန့်ကျင်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု နေပြည်တော်တိုင်းကွက်ကဲရေးမှူး ဗိုလ်လက်ျာ က ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြို့သာမြို့ဈေးအနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

မြို့သာမြို့ဈေးအနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ဈေးအနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Special Task Force – Ngazun တပ်ဖွဲ့ထံမှ သိရ သည်။ အောက်တိုဘာလ ၈ ရက် ညနေ ၄...