နေပြည်တော်၊ တပ်ကုန်းမြို့ တဝိုက်တွင် ရေကြီးနေပြီး ပြည်သူများစွာကို ကယ်ထုတ်နေရ

နေပြည်တော်၊ တပ်ကုန်းမြို့ တဝိုက်တွင် ရေကြီးနေပြီး ပြည်သူများစွာကို ကယ်ထုတ်နေရ

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၇

နေပြည်တော်၊ တပ်ကုန်မြို့အနီးတဝိုက်တွင် ရေကြီးနေပြီး ပြည်သူများစွာကို ကယ်ထုတ်နေရ ကြောင်း မိုးစေတနာ ပရဟိတအသင်းထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ညပိုင်းမှစ၍ မိုးရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် နဝင်း ချောင်း ရေလျှံကာ တပ်ကုန်းမြို့အပါအဝင် ချောင်းအနီးအနားပတ်ဝန်းကျင်ရှိ မကျည်းပင် ကျေးရွာ၊ ပုဏ္ဏမီကျေးရွာ စသည့် နေရာများ၌ ရေနစ်မြုပ် လျက်ရှိပြီး ပြည်သူများကို ဘေးလွတ်ရာ ကယ်ထုတ် ပေးနေကြောင်း သိရသည်။

“တောင်ကျရေရယ်၊ နဝင်းချောင်းရေရယ် ရေလျှံနေတာ၊ ကျနော်တို့ကတော့ ကယ်ဆယ်ရေး အဖွဲ့ ဖြစ်လို့ ကယ်ဆယ်ရေးအတွက် အသင့်ပြင် ဆင်ထားတယ်။ ပျဉ်းမနားမြို့နယ်အတွက်ရော၊ နေပြည် တော်အတွင်းမှာရော လူခွဲပြီးတော့ လုပ်နေရတယ်။ ပြည်သူတွေလည်းရှောင်နေရပြီ။ တပ်ကုန်းရော၊ မကျည်းပင်တို့ ပုဏ္ဏမီဘက်တို့ ရေကြီးနေတာ၊ မိုးတွေကလည်း ရွာနေတယ်။” ဟု မိုးစေတနာ ပရဟိတအသင်း ဥက္ကဌ ကိုဖြိုးဝေက ပြောကြားသည်။

အဆိုပါ ရေများသည် နေ့ခင်းပိုင်းလောက်တွင် ပျဉ်းမနားမြို့သို့ ဝင်ရောက်နိုင်မည်ဖြစ်သောကြောင့် ပျဉ်းမနားမြို့၊ ဇေယျာသီရိမြစ်ချောင်း အနီးအနားတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် သတိဝီရိယဖြင့်နေထိုင်ကြပါရန်နှင့် အရေးပေါ်လိုအပ်ပါက ပျဉ်းမနားသကြားစက်အနီးတွင် စက်လှေ များနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့သားများ အသင့်ပြင်ဆင်ထားရှိကြောင်း၊ ထို့ကြောင့်မိဘပြည်သူ များအနေဖြင့် ဆက်သွယ်နိုင်ကြောင်း မိုးစေတနာကရဟိတအသင်းက အသိပေးတိုက်တွန်းထား သည်။

“နေ့ခင်းပိုင်းလောက်ကျရင် ပျဉ်းမနားကို ရေဝင်မှာဖြစ်လို့ ပျဉ်းမနားမှာစောင့်ဆိုင်းပြီးတော့ အကုန် သင့် ပြင်ထားတယ်။ အခုမနက်ပိုင်းက တပ်ကုန်းတဝိုက်၊ နေပြည်တော်တခွင်တော်တော်ဆိုးနေတာ၊ နေ့ခင်းပိုင်းတော့ ပျဉ်းမနားဘက် ကြီးမယ့် အခြေအနေရှိတယ်။ အဲဒီဘက်က ကျလာတဲ့ရေက ပျဉ်း မနားကို ကျလာမှာ။ မိဘပြည်သူတွေအနေနဲ့ အန္တရာယ်ကင်းအောင်နေကြပါ။ ဆက်သယ်လို့ရ မယ့် သူတွေကို ဆက်သွယ်ပါ၊ လွတ်ကင်းတဲ့နေရာမှာရွေ့ပြောင်းနေကြဖို့ ပြောချင်တယ်။” ဟု မိုးစေတနာ ပရဟိတအသင်း ဥက္ကဌ ကိုဖြိုးဝေက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့အနီးပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကိုရင် ၂ ပါးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

ဖားကန့်မြို့အနီးပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကိုရင် ၂ ပါးအပါအဝင် ပြည်သူ ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့အနီးပတ်ဝန်းကျင်နေရာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုရင် ၂ ပါးအပါအဝင် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ညပိုင်းက ဖားကန့်မြို့၊...