Nay Pyi Taw News

Nay Pyi Taw News

နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု လေတပ်အတွင်း ကျရောက် ပေါက်ကွဲပြီး ထိခိုက်သေဆုံးပျက်စီးမှုရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၉

 

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ဧလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးပျက်စီမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် ည ၈ နာရီ ၃၅ မိနစ်က အကြမ်းဖက်စစ်ရှုံးကောင်စီရုံးစိုက်ရာ နေပြည် တော် အေလာလေတပ်စခန်းကို နယ်မြေလုံခြုံရေးတင်းကြပ်မှု၊ ရာသီဥတုအခြေအနေဆိုးရွားမှု စ သော အခက်အခဲများကြားက ၁၀၇ မမရှော့ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဧလာလေတပ် အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအချိုရှိကြောင်း၊ ကနဦးစုံစမ်းသိရှိထားသမျှကို အတည် ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Black Leopard (ကျားသစ်နက်)အဖွဲ့မှ BWM Mission 33 အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မတ်လ ၂၈ ရက်နေ့မှစတင်ခဲ့သော ငလျင်ဘေးကြောင့် စစ်ကိုင်း၊ မန္တလေး နှင့် ပဲခူးတိုင်းဒေသအချို့ရှိ ပြည်သူအများအပြား ဒုက္ခ ပင်လယ်ဝေနေချိန်မှာပင် စစ်ရှုံးကောင်စီသည် မြန်မာပြည်အနှံအပြားရှိ ပြည်သူများကို လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲ သတ်ဖြတ်မှု အကြိမ်ပေါင် ရာချီရှိနေခဲ့ပြီဖြစ်ပြီး ပြည်သူများ လည်း ရာနဲ့ချီသေဆုံးခဲ့နေခဲ့ရပြီဖြစ်ကြောင်း သိရသည်။

 

ထို့သို့ စစ်ရှုးကောင်စီက ငလျင်ဒဏ်ကြောင့် ထိခိုက်မှုအချို့ရှိခဲ့သော နေပြည်တော်အေလာ လေဆိပ် ကို အပျက်အစီးများကြားမှပင် ပြည်သူများကို သတ်ဖြတ်ဖိုရာ ဆက်လက်အသုံးပြုနေသေး သည့် အ တွက် ကျွန်ုပ်တို BWM နှင့်မဟာမိတ်အဖွဲများက ရန်သူလေတပ်နှိမ်နင်းရေးနှစ်သစ်ကူးလက်ဆောင် BWM Mission 33 ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...