Nay Pyi Taw News

Nay Pyi Taw News

နေပြည်တော်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု အေလာလေဆိပ် မီးလောင်

 

D Day News

ဧပြီလ ၄

 

နေပြည်တော်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရုံးချုပ်နှင့် အေလာလေဆိပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းက အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်တို့ကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက် ခဲ့ရာ ထိခိုက်မှုများရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

နေပြည်တော် စစ်ရုံးချုပ်ကို ကာမီကာဇေ ဒရုန်း ၁၆ စီးဖြင့် လည်းကောာင်း၊ အေလာလေတပ်နေရာ ကို ကာမီကာဇေဒရုန်း ၁၃ စီးဖြင့် လည်းကောင်း ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုများ တွင် အေလာလေတပ်၌ မီးလောင်မှုရှိခဲ့ပြီး စစ်ရုံးချုပ်နေရာ၏ အခြေ အခြေအနေမှာ အတိအကျရှိ ရခြင်း မရှိသေးကြောင်း သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက် ညနေ...