Naung Cho News

Naung Cho News

နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

 

D Day News

မေလ ၁၄

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေး ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။

 

မေလ ၁၀ ရက် ည ၈ နာရီဝန်းကျင်က နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာသို့ ရောက်နေသော အကြမ်း ဖက်စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံ ခမရ-၁၁၁ တပ်က သုံးဆယ်ရွာသို့ လက်နက်ကြီး ၄ လုံး ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးအပေါ် ထိမှန်ကျရောက်ပေါက်ကွဲမှုအတွင်း ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်သေဆုံးသူမှာ အသက် ၆၁ နှစ်အရွယ် အိမ်ထောင်ဦးစီး ဦးစံရွှေနှင့် အသက် ၂၄ နှစ်အရွယ် မဝင်းဝင်းပြုံတို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဦးစံရွှေ၏ သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် မဆွေဆွေဝင်း၊ညီဖြစ်သူ အသက် ၆၀ အရွယ် ဦးလွန်း ကြည်၊ သမက်ဖြစ်သူ မောင်အေးချမ်းနှင့် မောင်မြင့်ဇော်ဦးတို့ ဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ ၂ ဦးကို ကျေးရွာနေ ပြည်သူများက မီးသင်္ဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရရှိသူ ၄ ဦးကိုလည်း ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ကလည်း နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို  အကြမ်းဖက် စစ် ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ၂ လုံးပျက်စီးပြီး အမျိုးသမီး ၁ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးအပါအဝင် သေဆုံး ၇၀ ဦးကျော်ရှိ   သံလွင်မြန်မာသတင်း ဇွန် ၇   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးအပါအဝင်ထိခိုက်သေဆုံးသူ ၇၀ ဦးကျော်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း...