Naung Cho News

Naung Cho News

နောင်ချိုမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဧပြီလ ၂၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ ဘုန်းကြီးကျောင်း ၃ ကျောင်း ကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့ ထုတ်ပြန်ထားသည်။

 

ဧပြီလ ၂၁ ရက်နေ့က နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ၃ ကြိမ် ၊ ဇာလီ ကျေးရွာ ဘုန်းကြီးကျောင်းကို ၂ ကြိမ်နှင့် ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းကို ၂ ကြိမ် အကြမ်းဖက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း အဆောက်အအုံများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် မည်သည့် ရည်ရွယ်ချက် ကြောင့်ပြုလုပ်သည်ကို မသိရှိရသော်လည်း ကျေးရွာ ဘုန်းကြီးကျောင်းများသို ပစ်မှတ်ထား တိုက် ခိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ပြော ဆိုသည်။

 

ဧပြီလ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်နေရာများ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...