Naung Cho News

Naung Cho News

နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၁ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော် သိမ်းဆည်းရရှိ

 

D Day News

ဧပြီလ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၁ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်သိမ်း ဆည်း ရရှိခဲ့ ကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်ထားသည်။

 

ယမန်နေ့ ဧပြီလ ၁၅ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က နောင်ချိုမြို့နယ် သရက်ကုန်းကျေး ရွာရှိ သာသနာ့နယ်မြေဖြစ်သော စေတီပေါ်နှင့်စာသင်ကျောင်းတွင် အခိုင်အမာ တပ်စွဲကာ ခံစစ်ပြင် ထားသည့် စစ်ကောင်စီစခန်းကို မန္တလေး PDF တပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ် ဝန်းကျင်ခန့်၌ အပြီး သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းသရက်ကုန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်း ၂၁ လောင်း မျက်မြင်တွေ့ရှိခဲ့ရပြီး လက်နက်ငယ် ၄၀ ကျော် ၊ ၆၀ မမ ၂ လတ် ၊ Drone Jammar ၁ ခု နှင့် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကူ တက်လာခဲ့ပြီး ထပ်မံပိတ်ဆို့ချေမှုန်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အမြောက်အများ အထိအခိုက် အကျအဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်မှလည်း ပေးဆပ်မှု အချို့ရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး ယာဉ်တန်း တစ်ခုလုံးပျက်စီး

ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး ယာဉ်တန်း တစ်ခုလုံးပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်ယာဉ်ပါ စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ယာဉ်တန်းတစ်ခုလုံးဖျက်ဆီးနိုင်ခဲ့ကြောင်း ဒူရက စစ် ကြောင်းက ထုတ်ပြန်သည်။ ဩဂုတ်လ ၁၈ ရက်မွန်းတည့် ၁၂ နာရီခန့်က ထားဝယ်မြို့ဘက်မှ...