Nattalin News

Nattalin News

နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှု ပျူတစ်ဦးသေဆုံး၊ ပျူနေအိမ် ၃ လုံး မီး လောင်ပျက်စီး

 

D Day News

ဇွန်လ ၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူရွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူ တစ်ဦး သေဆုံးပြီး ပျူနေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – Phoenix D F ထံမှ သိရသည်။

ဇွန်လ ၇ ရက် နံနက် ၅ နာရီ ၁၃ မိနစ်အချိန်ခန့်က နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျူကျေးရွာကို တော် လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကာ ပျူ များအားလုံး ထွက်ပြေးသွားသွားကြောင်း၊ ထို့ကြောင့် ပျူနေအိမ်များကိုမီးရှိဖျက်ဆီးခဲ့ရာ ရာသီဥတု အခြေအနေကြောင့် နေအိမ် ၃ လုံးသာမီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်းသိရသည်။

၎င်းပျဉ်ပုံရွာမှ ပျူများသည် အင်အားချိနဲ့ နေသည့် အကြမ်းဖက်စစ်တပ်ကို အင်အားဖြည့်တင်း၍ ကျေးရွာများအတွင်း၌ ကင်းပတ်ခြင်း၊ ၂၀၂၄ ခုနှစ် ဧပြီလတွင် အကြမ်းဖက်စစ်တပ်မှ သင်တန်းပေး ကာ လက်နက်များ တပ်ဆင်ပေးထားခြင်း၊ ကျေးရွာအတွင်းနေထိုင်သည့် လူငယ်လူလတ်အားလုံးကို အတင်းအဓမ္မပျူအဖွဲ့ ထဲဝင်ခိုင်း၍ ပြည်သူ့စစ်သင်တန်းများ တက်ခိုင်းခြင်း၊ အနီးပတ်ဝန်းကျင်မှ ကျေးရွာများကို ပျူအဖွဲ့ဝင်ရန် စည်းရုံးခြင်း၊ အရပ်သားပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးငွေ တောင်းခြင်း၊ စားဝတ်နေရေးခက်ခဲသည့်အတွက် ညအချိန်တွင် ငါးရှာ၊ဖားရှာထွက်သည့် ပြည်သူများ ကို ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ သတိပေးသည့် အနေဖြင့် ပစ်မှတ်ထား တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ တပ်ရင်း – ၃၈၀၁၊ တပ်ခွဲ ၂ Phoenix D F ၊ တပ်ခွဲ ၃ နတ်စစ်သည်၊ တပ်ခွဲ ၄ Bamar Revolution Army (BRA) နှင့် AYEYAR NYI NAUNG စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက် error ဖြစ်ကာ တော်လှန်ရေး ရဲဘော် တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

တော်လှန်ရေးတပ်မတော်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြစ်သည့်အတွက် ပြည်သူကို အ ကာအကွယ်ပေး၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ထွန်းလာသည်အထိ တိုက်ပွဲဝင်ကာ မတရားစစ်မှုထမ်း ဥပ‌ဒေကိုအကောင်အထည်ဖော်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အ ကြမ်းဖက်စစ်တပ်နှင့် စစ်တပ်ဒေါက်တိုင်များကို အလျဉ်းသင့်သလို တိုက်ခိုက်ချမှုန်းသွားမည် ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ စာသင်ကြားနေသော နေအိမ်ကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၇ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၌ ကလေးငယ်များ စာသင်ကြားနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၇...