Nattalin News

Nattalin News

နတ်တလင်းမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

 

D Day News

မတ်လ ၂၇

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ တင်စိုးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F Nattalin ထံမှ သိရသည်။

 

မတ်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်က နတ်တလင်းမြို့နယ်၊ အရှေ့ဘက် ကံစုရွာ တွင် နေထိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်း တည်နေရာများအား လိုက်လံရှာဖွေ စုံစမ်း ၍ အုပ်ချုပ်ရေးမှူးများနှင့် စစ်သား၊ ရဲများအား သတင်းပေးနေသူ တင်စိုးကို ဖမ်းဆီးပြီး‌ခေါ်ဆောင် လာစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားကြောင်း သိရသည်။

 

သေဆုံးသူ တင်စိုး၏ သတင်းပေးပို့မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များတည်ရှိရာ တပ်စခန်းသို့ အကြမ်းဖက်စစ်သားများလာရောက်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်ခံခဲ့ရကြောင်း၊ ထို့အပြင် တင်စိုးသည် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှန်သမျှကို အားပေး ထောက်ခံသည့်အပြင် ၎င်းကိုယ်တိုင် အားတက်သရော စုံစမ်းကာ သတင်းပေးနေသူဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၁၊ တပ်ခွဲ ၂ ၊ Phoenix DF ရဲဘော် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအပေါ် အတင်းအဓမ္မ စစ်မှုထမ်းရန် ဖိအားပေးလုပ် ဆောင်နေ သူ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများကိုပါ ဆက်လက်သုတ်သင် ရှင်းလင်းသွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...