Natogyi News

Natogyi News

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်စခန်း၂ ခုကို ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၉

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လျှောက်ဖြူကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုး ကြီ PDF ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးပြီး နွားထိုးကြီး မြို့နယ်၊ လျှော်ဖြူကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်လှန်ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာ မြင့်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/X2vFrclLvN8

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ထက်မနည်းထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်- ၄ တပ်ရင်းနှင့် အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော မြင်းခြံခရိုင် တပ်ရင်း ၁ ၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ မြင်းခြံခရိုင် တပ် ရင်း ၃ ၊ မြင်းခြံခရိုင် တပ်ရင်း ၈ ၊ မြင်းခြံမြို့နယ် ပ က ဖ ၊ နွားထိုးကြိးမြို့နယ် ပ က ဖ နှင့် မလှိုင်မြို့ နယ် ပကဖ (MHLG Wings) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူဧပြီလ ၁၈ ရက်နေ့တွင် နွားထိုးကြီးမြိုနယ်၊ ရွာကြီးကျေးရွာရှိဘုန်းကြီးကျောင်း၀င်း အ တွင်း တပ်စွဲ ထားသော အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီ တပ်သားများကို Fixed Wings ဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့်အတူ Myingyan District Drone Strike (MDDS) ၊ မလိူင်မြိုနယ်ပကဖ(MHLG Wings) ၊ ဗိုလ်စားပြောက် ကြားတပ်ဖွဲ့ (မြင်းခြံ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊...