Natogyi News

Natogyi News

နွားထိုးကြီးမြို့နယ်တွင် တိုက်ပွဲရှုံးနိမ့်ပြီး ထွက်ပြေးလာသော စစ်ကြောင်းနှင့် စစ်ကူကားကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အရာရှိ ၂ ဦး သေဆုံး

 

D Day News

ဧပြီလ ၂

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တိုက်ပွဲရှုံးနိမ့်ပြီး ထွက်ပြေးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် စစ်ကူကားကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ အရာရှိ ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း NRPDF တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၃၁ ရက် နံနက် ၇ နာရီခွဲခန့်က နွားထိုးကြီးမြိုနယ်၊ မင်းရွာမှ ထွက်လာသည့် အကြမ်းဖက် စစ် တပ်စစ်ကြောင်းကို ကြာကန်ကျေးရွာအနီးအရောက် မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF၊ နွား ထိုးကြီး ပကဖ နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို့မှ အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီဝန်းကျင်အထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးထက် မနည်း သေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF က ထုတ်ပြန်ထားသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် လယ်ကွင်းအတွင်း တိမ်းရှောင်နေသော ကြာကန်ကျေး ရွာနေ ပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးပြုကာ လျှော်ဖြူမြောက်ရွာသို့ ဝင်ရောက်ခဲ့ပြီး ဖမ်းဆီးလာသော ပြည်သူများကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထိုသို့ ပြန်လွှတ်ပေးပြီး ကျေးရွာအတွင်း ထမင်း၌ ယာယီတပ်စွဲကာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော စစ်သားများကို ဆေးဝါးကုသခြင်း၊ ထမင်း ဟင်းများလိုက်လံတောင်းစားနေစဉ် မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း – NRPDF တပ်ဖွဲ့မှ ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

“ကျနော်တို့က ကြာကန်ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ဒရုန်းနဲ့ လိုက်ချတာ၊ လျှော်ဖြူမြောက် ရွာမှာဗျ၊ နေ့လည်ခင်း ၂ နာရီခွဲလောက်က။ သေတဲ့သူရဲ့အဆင့်ကတော့ ကျနော်တို့လည်း အတိအကျ မသိရဘူး၊ ကျနော်တို့ ဒရုန်းနဲ့ ချတဲ့အချိန်မှာ လျှော်ဖြူမြောက်ရွာထဲမှာတော့ သွေးထွက်သံယိုတွေနဲ့ ဆေးတွေကုနေကြလို့ သိရတယ်၊” ဟု မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း NRPDF တပ်ဖွဲ့တာဝန်ခံ ကိုလင်းလတ်က ပြောကြားသည်။

 

ထို့အပြင် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြင်းခြံမြို့နှင့် လေးရွာဆုံရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီး များ ပူးပေါင်းပြီး ဖောကား တစ်စီးဖြင့် ထွက်လာသည့် စစ်ကြောင်းကို ကုန်းသာကံရွာဘုန်းကြီး ကျောင်းအရောက် ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“လေးရွာဆုံနဲ့ မြင်းခြံကနေပေါင်းပြီး တက်လာတဲ့ ကုန်းသာကံရွာရောက်တဲ့အချိန်တဲ့ အချိန်မှာ ဒရုန်း နဲ့ ထပ်ချသေးတယ်။ အဲဒီမှာက ၄ လုံး၊ အဲဒီမှာက စုံစမ်းလို့မရဘူး၊ သိရသလောက်တော့ ကားပေါ် တွေကို မတင်သွားတာတွေတော့ ကြားတယ်။ ကုန်းသာကံရွာရောက်နေတဲ့ကောင်တွေက နောက် တစ်နေ့မနက်မှာပဲ မြင်းခြံဘက်ကို ပြန်ခေါက်သွားပြီဗျ၊ စစ်ကြောင်းကတော့ လျှော်ဖြူနဲ့ ကုန်းသာ ကံရွာမှာ ခွဲပြီးထိုင်နေတယ်လို့ ကြားမိတယ်။” ဟု မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း NRPDF တပ်ဖွဲ့ တာဝန်ခံ ကိုလင်းလတ်က ပြောဆိုသည်။

 

ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ပြည်သူပိုင်ဈေးဆိုင်တစ်ဆိုင်ကို ဖောက်ထွင်းပြီး နားကပ်၊ လက်ဝတ်လက်စားများ၊ အိမ်တွင်းရှိ ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...