Natmouk News

Natmouk News

ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် ကြေညာ (ရုပ်သံ)

 

D Day News

ဇွန်လ ၁၄

 

 

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာက ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိပ်သားများကို သတ်မှတ်စျေးနှုန်းဖြင့် ရောင်းရန် ဈေးအတွင်းလိုက်လံကြေညာလျက်ရှိကြောင်း သိရသည်။

 

မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးစျေးများအားလုံးတွင် ကြက် သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကို သတ်မှတ်စျေးဖြင့် ရောင်းရန် စျေးသည်များကို ဖိအားပေး လာခြင်းဖြစ်ကြောင်း၊ သတ်မှတ်စျေးဖြင့် မရောင်းပါက စျေးရောင်းချခွင့် ပိတ်ပင်မည့် အပြင် ဒဏ်ရိုက်ခြင်း၊ ထောင်ချခြင်းများပါ ဆောင်ရွက်မည်ဟု ပြောဆိုလာကြောင်း သိရသည်။

https://youtu.be/nxlyCbK6wbA

“ကြက်သား၊ဝက်သား၊ အမဲသားနဲ့ ဆိပ်သားတွေကို တစ်ပိဿာ တစ်သောင်းနဲ့ တစ်သောင်းခွဲ အတွင်းပဲ ရောင်းရမယ်။ အဲဒါထက်ကျော်ရောင်းတာ။ အရိုးရောတာတွေကို စျေးရောင်းချခွင့် ပိတ် မယ့်အပြင် ဒဏ်ရိုက်၊ ထောင်ချမယ်လို့ ခြိမ်းခြောက်တယ်။ သူတို့သတ်မှတ်တဲ့စျေးနဲ့ မရောင်းနိုင်ရင် စျေးလာမရောင်းနဲ့ပေါ့ အဲဒီလို ပြောတယ်” ဟု နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ စျေး၌ စျေးရောင်းနေရသူ ပြည်သူတစ်ဦးက ပြောကြားသည်။

 

လက်တွေ့ ပြင်ပစျေးကွက်တွင် ကြက်သား၊ အမဲသား၊ ဝက်သားနှင့်ဆိတ်သားစျေးနှုန်းများမှာ တစ်ပိဿာလျှင် ငွေကျပ် နှစ်သောင်းဝန်းကျင်နှင့်နှစ်သောင်းကျော်အထိ မြင့်တက်နေကြောင်း သိရသည်။

 

စစ်ကောင်စီက ကျပ်ငွေတန်ဖိုး မြင့်တက်စေရန်၊ ဒေါ်လာစျေးနှုန်း၊ ကုန်စျေးနှုန်း၊ ရွှေစျေးနှုန်းများ ကျဆင်းစေရန်အတွက် ကုန်သည်များနှင့်လုပ်ငန်းရှင်များကို ဖမ်းဆီး အရေးယူမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး ယခုနောက်ဆုံး စည်ပင်သာယာစျေးများတွင် အခြေခံစားကုန်စျေးနှုန်းကိုပါ ခြိမ်းခြောက်ဖိအားပေး လာခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...