Natmauk News

Natmauk News

နတ်မောက်မြို့နယ်တွင် စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်မည် (ရုပ်သံ)

 

D Day News

ဇွန်လ ၇

 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ရေးအရှိန်တိုးမြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Aung San’s Land တပ်ဖွဲ့ထံမှ သိရသည်။

 

နတ်မောက်မြို့နယ်အတွင်း စစ်ရေးအရှိန်အဟုန်တိုးမြှင့် တိုက်ခိုက်နိုင်ရန် ဇွန်လ ၆ ရက်နေ့မှ စတင် ကာ ဩဂုတ်လ ၆ ရက်နေ့အထိ RPG နှင့် Gun တစ်လက် ဝယ်ယူနိုင်ရေးအတွက် မဲလက်မှတ်များကို ရောင်းချလျက်ရှိပြီး မဲလက်မှတ်တစ်စောင်လျှင် မြန်မာကျပ်ငွေ ၁၀၀၀၀ (တစ် သောင်း) ၊ ထိုင်းဘတ် ၁၅၀ ၊ မလေးရှား ရင်းဂစ် ၁၅ ၊ စင်္ကာပူဒေါ်လာ ၁၀ ၊ ကိုရီးယားဝမ် ၁၀၀၀၀ (တစ်သောင်း) ၊ ဂျပန် ယမ်း ၁၀၀၀ ၊ အမေရိကန် ဒေါ်လာ ၁၀ ၊ ဩစတေးလျ ဒေါ်လာ ၁၀ သတ်မှတ်ထားကြောင်း သိရ သည်။

https://youtu.be/yR6-R6rmF-Q

“ကျနော်တို့ Aung San’s Land တပ်ဖွဲ့က စစ်မိစ္ဆာတွေကို အရှိန်အဟုန်တိုး မြှင့်ချေမှုန်းဖို့အတွက် လိုအပ်တဲ့ လက်နက်တွေကို ဝယ်ယူစုဆောင်း လျက်ရှိပါတယ်။ အခုဝယ်ယူမယ့်လက်နက်ကမ်ပိန်းက သိန်း ၆၀၀ ပါ၊ မဲလက်မှတ် အစောင်ရေ ၆၀၀၀ ရောင်းချပေးမှာဖြစ်ပါတယ်၊ မြိုသိမ်း မစ်ရှင်တွေမှာ လက်နက်ကြီးတွေ အသုံးပြုနိုင်ရေးအတွက် မဲလက်မှတ်တွေကို ကူညီထောက်ပံ့ပေးပါ ဖို့ တော်လှန် ပြည်သူတွေကို မေတ္တာရပ်ခံပါတယ်” ဟု နတ်မောက်အခြေစိုက် Aung San’s Land တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ပါဝင်ကူညီပေးမည့်မိဘပြည်သူများအနေဖြင့် –

 

https://www.facebook.com/profile.php?id=100088079216876

 

Page Messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

 

Aung San’s Land တပ်ဖွဲ့သည် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ တွင် ဖွင့်လှစ်သည့် သင်တန်း အပတ် စဥ် ၆ မှ သင်တန်းဆင်းရဲဘော်များဖြင့် ဖွဲ့စည်းထားကြောင်း၊ အကြမ်းဖက်စစ်မိစ္ဆာတပ်ကို အရှိန်အ ဟုန်တိုးမြှင့်ချေမှုန်းနိုင်ရေးအတွက် မိဘပြည်သူများမှ ဝိုင်းဝန်းပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...