Nat Mouk News

Nat Mouk News

နတ်မောက်မြို့တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ် အရာရှိ တစ်ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၁၉

 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကျေးရွာနှင့်ကန်လေးကုန်းကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးသေဆုံးသွား ကြောင်း Aung San’s Land Natmauk ထံမှ သိရသည်။

 

ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီခန့်က နတ်မောက်မြို့နယ်၊ ဂွေးကုန်းကျေးရွာဘက်မှ တက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၂၀ ခန့်ပါစစ်ကြောင်းကို တိုက်ခိုက်နိုင်ရန် ၎င်းတို့လာလမ်း ကြောင်းဖြစ်သော မြင်တဲကျေးရွာနှင့်ကန်လေးကုန်းကျေးရွာကြား၌ မိုင်းထောင်စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။

ထို့သို့ စောင့်ဆိုင်းကာ မိုင်းထောင်နေစဉ် အကြမ်းဖက်စစ်သာများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပြီး မ တာ ၂၀ ခန့်အကွာအဝေးမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိ တစ်ဦး သေဆုံးပြီး ရဲ ၁ ဦး ၄၀ မမထိမှန်ဒဏ်ရာရရှိကာ Aung San’s Land Natmauk တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“မိုင်းထောင်နေတုန်း မျက်နှာချင်းဆိုင်တွေ့ကြတာ။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာက မီတာ ၂၀ လောက်ပဲ ကွာတယ်။ မိုင်းထောင်နေတုန်း နှာချင်းဆိုင်တွေ့တာဆိုတော့ လူအင်အားက မမျှတာရယ်၊ ပြီးတော့ ကိုယ့်လူထိမှာစိုးတာရယ်အတွက်ကြောင့် ၄၀ မမ ရော ၊ လက်နက်ငယ်ရော တရပ်ကာပစ် ပစ်ရင်း ဆုတ်ခွာခဲ့ရတာပါ၊ အဲဒီစစ်ကြောင်းက အရာရှိတစ်ဦးသေပြီး ရဲ ၁ ယောက်ကတော့ ၄၀ မမ ထိကာ ချက်ချင်းနောက်ပြန်ဆုတ်သွားခဲ့ပါတယ။ ကျနော်တို့လည်းအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါ တယ်” ဟု Aung San’s Land Natmauk အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်   သံလွင်မြန်မာသတင်း ဇွန်လ ၁၅ CRPH ၏ “အကြမ်းမဖက်...