Nat Mauk News

Nat Mauk News

မြို့သစ်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး လမ်းကြောင်းတလျှောက်ရှိနေအိမ်အချို့ကို မီးရှို့ဖျက်ဆီး

 

D Day News

ဇွန်လ ၁၅

 

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး လမ်းကြောင်းတလျှောက်ရှိ ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု ထံမှ သိရသည်။

 

မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ်တို့မှ စစ်သား၊ ရဲသားများသည် စစ်ကြောင်း စတင် ထွက်လာ စဉ် မြို့သစ်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးအရောက် အပြစ်မဲ့ ပြည်သူ အမျိုးသား နှစ်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး နတ်မောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုး လာရာ လမ်းတလျှောက်ရှိ ပြည်သူလူထုပိုင် နေအိမ်အချို့အား မီးရှို့ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းကို ဇွန်လ ၁၄ ရက် ညနေ ၄ နာရီ ၁၈ မိနစ်အချိန်တွင် နတ်မောက်မြို့ နယ်၊ ကျွန်းဘုတ်ရွာမှ ထွက်လာပြီး ကျွန်းဘုတ်ရွာနှင့် ကျောက်ဆည်ရွာ အကြား ချောင်းရိုး အရောက် OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ ရဲဘော်များက ခြုံခိုင်ပြီး အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိပြီး သေဆုံးထိခိုက်မှုအရေ အ တွက် အတိအကျ သိရှိရခြင်းမရှိသေးပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...