Nahtogyi News

Nahtogyi News

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်သားများက အိမ်စီးကားများနှင့်ခိုးဝှက်သွားလာနေသဖြင့် လမ်းပိုင်းအချို့ အချိန်ပိုင်း ပိတ်ပင်

 

D Day News

ဇွန်လ ၇

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက အိမ်စီးကားများဖြင့် ခိုးဝှက်သွားလာနေသဖြင့် လမ်းပိုင်းအချို့ကို အချိန်ပိုင်း ပိတ်ပင်လိုက်ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေအထိ နွားထိုးကြီးမြို့နယ်အတွင်း ဖြတ်သန်းသွား လာ သည့် မြင်းခြံ -မြစ်သားလမ်းပိုင်း မြစ်သားမြို့နယ်အစပ် အထိ၊ နွားထိုးကြီး -မြို့သာလမ်းပိုင်း၊ နွားထိုး ကြီး -တောင်သာလမ်းပိုင်း၊ နွားထိုးကြီး -မလှိုင်လမ်းပိုင်းတို့ကို နံနက် ည ၉ နာရီမှ နံနက် ၄ နာရီ အ ထိ ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။

“ခရီးသည်ကား ၊ အိမ်စီးကား၊ ကုန်ကားတွေနဲ့ စစ်အုပ်စုက ခိုးလိုက်နေတာမို့ မတိုက်ခိုက်လိုက်ရပဲ လွတ်သွားတာတွေရှိတယ်။ ပြည်သူတွေကား ထင်ပြီး မတိုက်ခိုက်ပဲ လွှတ်ပေးလိုက်ရတာ။ အဲဒါ ကြောင့် သတ်မှတ်ချိန်က မှောင်တဲ့အချိန် ဆိုတော့ အလိုလိုလာတဲ့ကားတွေကို တိုက်ခိုက်မှာမို့ပါ” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မောင်းနှင်ရမည့် သတ်မှတ်ချိန် နံနက် ၄ နာရီမှ ည ၉ နာရီအထိမောင်းနှင်ကြသော ကုန်ကားများ အနေဖြင့်လည်း မိုးကာ မအုပ်ပဲ မောင်းနှင်ကြပေးရန်၊ ကျန်ကားများ အားလုံး မှန်ချမောင်းနှင်ပေးကြ ရန်နှင့် ညပိုင်း မီးဖွင့်မှောင်ပေးကြရန် အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...