နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာတွင် တပ်စွဲထားသော စစ်သားများကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)
D Day News
ဇွန်လ ၆
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ထံမှ သိရသည်။
ဇွန်လ ၅ ရက် နံနက်ပိုင်းက နွားထိုးကြီးမြို့နယ်၊ စိန်ပန်းကျင်းရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးမ များသည် မာန်လည်ကျင်းရွာအနောက်ပိုင်း၌ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲနေစဉ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များမှ မွန်းတည့် ၁၂ နာရီခန့်ကစတင်ပြီး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
https://youtu.be/vxIE6RPwW58
ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိကာ ည ပိုင်းတွင် အကြမ်းဖက်စစ်သားများက မဲကြီးပင်ရွာထဲသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အကြမ်း ဖက်စစ်သားများ ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းစဉ် ၆၀ မမ စိန်ပြောင်း ဗုံးသီး ၂ လုံး သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၂ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်း ခြံခရိုင် အမှတ် ၉ တပ်ရင်း ၊ MDY PDF ၊ မြင်းခြံခရိုင် ပကဖ ၊ နွားထိုးကြီးမြို့နယ် ပကဖ ၊ မလှိုင်မြို့ နယ် ပကဖ နှင့် ဗိုလ်စားပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News