Myinmu PDF

Myinmu PDF

မြင်းမူမြို့တွင် ဘူဒိုဇာကားဖြင့်မိုင်းရှင်းနေသော စစ်သားများကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်၊ မြောင်လမ်း ခွဲရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဧပြီလ ၄

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဘူဒိုဇာကားဖြင့် မိုင်းရှင်းနေသော အကြမ်းဖက်စစ်သားများကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြာင်း Black Eagle Defence Force-MMU ထံမှ သိရသည်။

 

ဧပြီလ ၁ ရက် နံနက် ၁၀ နာရီနှင့် ၁၁ နာရီကြားတွင် မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် မြောင် လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်စခန်းနှင့် အလ္လကပ္ပကျေးရွာတွင် ပဒေသာမိုင်း ၅ လုံးဖြင့် တစ်ကြိမ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြားတွင် ပဒေသာမိုင်း ၃ လုံးဖြင့် တစ်ကြိမ် နှင့် တိုက်မိုင်း ၃ လုံးဖြင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း မိုင်းရှာနေသော ဘူဒိုဇာကားနှင့် ခြေလျင်မိုင်းရှာနေသော ကြမ်းဖက်စစ် သားများ ထိထိမိမိ ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ အတိအကျသိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို  မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်၍ Black Eagle Defence Force-MMU၊ မြင်းမူမြို့နယ် ပလဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မြောင်လမ်းခွဲ၌ အထိုင်ချထားသော အကြမ်းဖက် စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း Black Eagle Defence Force-MMU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး Black Eagle Defence Force-MMU၊ စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ Ghost Team Ranger Myinmu ၊ မြင်းမူ ပလဖ၊ Myinmu Defence Force နှင့် မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...