Myinmu News

Myinmu News

မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် ခြေလျင်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်

 

D Day News

ဇွန်လ ၁၂

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် အကြမ်းဖက်စစ်တပ် ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force – Myinmu ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၂ ရက် နံနက် ၇ နာရီ ၅၂ မိနစ်အချိန်တွင် မြင်းမူမြို့မှ ထွက်လာသော အကြမ်းဖက်စစ် တပ်ခြေလျင်စစ်ကြောင်းကို မြင်းမူမြို့နှင့်ဝမ်းပြည့်ကျေးရွာကြားတနေရာ၌ မိုင်းကွင်းရှေ့အရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU) မှ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကျောင်းဆရာတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦး ခန့်ထိခိုက် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာ ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်အစောပိုင်း...