Myinmu News

Myinmu News

မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်တွဲကားယာဉ်တန်းကို ထန်းလုံးမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်မှု တွဲကား တစ်စီးပျက်စီး(ရုပ်သံ)

 

D Day News

မေလ ၂၂

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်း ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်တွဲကားယာဉ်တန်းကို ထန်းလုံးမိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တွဲကားတစ်စီးပျက်စီးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း၊ People’s Defence Force – South Monywa ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၁ ရက် ညနေ ၄ နာရီ ၄၁ မိနစ်အချိန်က ဝမ်ပေါင်ကုမ္ပဏီဘက်မှ ကြေးနီများတင် ဆောင်ပြီး မုံရွာမြို့မှတဆင့် စစ်ကိုင်းမြို့ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တွဲကား ၁၅ စီးအနက် ၁၁ မြောက်ကားကို ဂွေးပင်တောကျေးရွာနှင့် ဘိုမင်းကြီးကင်းကျေးရွာကြား အရောက် ထန်းလုံးမိုင်း အကြီး ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားခေါင်းခန်းအတွင်းမှ မီးခိုးများအူထွက် လာပြီး ထိုးရပ်သွားကြောင်း သိရသည်။

https://youtu.be/J4_1phEzb1c

“မိုင်းဆွဲပြီး ရှေ့နားလောက်ရောက်တော့ ကားခေါင်းခန်းထဲကနေ မီးခိုးတွေအူပြီး ထွက်လာတာ၊ ကား မောင်းတဲ့သူ တော်တော်ထိပုံရတယ်။ ကားကို မထိန်းနိုင်တော့ပဲ ပြန် လည်ထွက်ပြီး ရပ်သွားတာ။ ကားပေါ်ပါတဲ့ စစ်ခွေးတွေလည်း သေဆုံးမှုရှိနိုင်တယ်။ ပြည်သူ့ကားတစ်စီးကို‌ချောဆွဲပြီး ကားပေါ် ပါတဲ့လာသူတွေအကုန်ဆွဲချသယ်သွားတာပါ။ အတိအကျ သိရဖို့ကတော့ စုံစမ်းနေတုန်းပဲ၊ ပျက်တဲ့ ကားက အဲနားမှာတင်ကျန်ခဲ့တာ။ ကျန်တဲ့ ကားတွေက စစ်ကိုင်းဘက်ကို ဆက်ထွက်သွားပါတယ်” ဟု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း၊ People’s Defence Force – South Monywa မှ Daung Karyan က ပြောကြားသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကားထံသို့ မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်သား များ ချက်ချင်းရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့ နောက် ပြည်သူ့ကားတစ်စီးကို ချောဆွဲကာ ပျက်စီးသွားသည့် ကားပေါ်ပါ စစ်သားများကို သယ် ဆောင်သွားသည့်အပြင်အခြား ပြည်သူ့ကားများကိုလည်း တားဆီးကာ တစ်ညလုံး လမ်းပိတ်စောင့် ခိုင်းခဲ့ကြောင်း၊ နံနက် မိုလင်းချိန်ရောက်ရှိမှ ပြန်လွှတ်ပေးကာ ပျက်စီးသွားသော ကားကိုလည်း မြင်းမူမြို့သို့ ဆွဲယူသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း၊ People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူး ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူး ပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa အနေဖြင့် ကျည်၊ ခဲယမ်း ပြန်လည်ဖြည့်တင်းနိုင်ရန် ရန်ပုံငွေ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး မိဘပြည်သူများ အနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...