Myinmu News

Myinmu News

မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၅

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၅ ရက် နံနက် ၈ နာရီ ၃၂ မိနစ်အချိန်က မြင်းမူမြို့နယ် အလ္လက္ကပကျေးရွာနှင့် ဝမ်း ပြည့်ကျေးရွာကြားရှိ ဆီဆိုင်တစ်ခုတွင် တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်သားများသည် သံပြား ကာ ကားဖြင့်မြင်းမူမြို့တွင်းသို့ သွားရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာလာစဉ် ဝမ်းပြည့်ကျေးရွာ အနီးအ ရောက် ပဒေသာမိုင်း ၃ လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

“သူတို့တပ်စွဲထားတဲ့ ဆီဆိုင်ကနေ မြို့ထဲကို ခေါက်တုံ့ခေါက်ပြန်သွားနေတာ၊ အသွားတုန်းက သိ တော့ သိလိုက်တယ်၊ မဆွဲပဲ လွှတ်ပေးလိုက်တာ၊ အပြန်ကျမှ အပိုင်ဆွဲလိုက်တာ။ အခုက သေဆုံး၊ ဒဏ်ရာရတဲ့သူတွေကို အရင်လို မြို့ပေါ်ဆေးရုံပို့တာတို့ ဘာတို့မလုပ်တော့ဘူး။ တပ်စွဲထားတဲ့ နေရာ မှာပဲ ဆေးကုတာတွေလုပ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ ရှိ တယ်။ လက်နက်ကြီးတွေနဲ့ပစ်တာဆိုရင်လည်းများတယ်၊ တစ်လုံးပဲ ကျနော်တို့ ရဲဘော်နားကို ကျ တာ၊ အဲဒီတစ်လုံးက မကွဲဘူး။ မကွဲတဲ့အတွက်အဲဒီရဲဘော်က ကောက်ယူလာခဲ့တယ်။” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU) ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...