Myinmu News

Myinmu News

မြင်းမူမြို့ရှိ စစ်သားများနှင့်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

ဇွန်လ ၂၆

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်သားများနှင့် အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြား၌ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Sagaing District Drone Force-SDDF ထံမှ သိရသည်။

 

ဇွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်မှ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်အထိ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြား၌ ဂိတ်စခန်းချကာ ပြည်သူလူထုထံမှ ဆက်ကြေး ကောက်နေသော အကြမ်းဖက်စစ်သားများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB  ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“တိုက်ခိုက်မှု ၂ ကြိမ်မှာ စစ်သား ၂ ဦးပွဲချင်းပြီးသေတယ်၊ ၈ ဦးထိခိုက်ဒဏ်ရာ အပြင်းအထန်ရတယ်၊ ၁ ဦးကတော့ ဒုက္ခိတဘဝရောက်တယ်လို့ သတင်းရထားပါတယ်။” ဟု Sagaing District Drone Force-SDDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အလားတူ ဇွန်လ ၂၄ ရက် ညနေ ၃နာရီ ၃၀ မိနစ် ကျော်အချိန်ခန့်တွင် မြင်းမူမြိုမရဲစခန်းနှင့် စစ် ကောင်စီတပ်သားများ အခြေချနေထိုင်လျက်ရှိသော ကြားနေရာအား Sagaing District Drone Force-SDDFနှင့်အတူ ညီနောင်မဟာမိတ်များမှ “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneဖြင့် 1.5kg AIR BOMB  ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို Sagaing District Drone Force-SDDF ၊ စစ်ကိုင်းခရိုင် အမှတ် ၄ တပ် ရင်း၊ Chaung U People Defence Force- CHU PDF ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ၊ URBAN HUNTER FORCE(UHF) နှင့် Meikhtila Special defence Force တို့ ပူးပေါင်း ကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ့ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူထားကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့်...