Myingyan &Taung Tha News

Myingyan &Taung Tha News

တောင်သာနှင့်မြင်းခြံမြို့နယ်တို့တွင် စစ်တပ်အထိုင်စခန်းမျးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား၊ ပျူ ၅ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မေလ ၃၀

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မကြီးပင်တဲရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်-၈ တပ်ရင်း ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် တောင်သာမြို့နယ်၊ မကြီးပင်တဲရွာ ဘုန်ကြီး ကျောင်း၌ ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း NRDF နှင့် မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန် ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

https://youtu.be/kVYayaAB6UM

အလားတူ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ၁၇ ဆက် တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ထံမှ သိရသည်။

 

မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာကို ဧပြီလ ၂၉ ရက်နေ့တွင် ၂ ကြိမ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ၄ ကြိမ်၊ မေလ ၂ ရက်နေ့တွင် ၂ ကြိမ်၊ မေလ ၃ ရက်နေ့တွင် ၄ ကြိမ်၊ မေလ ၄ ရက်နေ့တွင် ၂ ကြိမ်၊ မေလ ၅ ရက်နေ့တွင် ၄ ကြိမ်၊ မေလ ၆ ရက် နေ့တွင် ၂ ကြိမ်၊ မေလ ၁၀ ရက်နေ့တွင် ၆၀ မမ ဗုံးသီး ၂ လုံးဖြင့် ၂ ကြိမ်၊ မေလ ၁၁ ရက်နေ့တွင် ၂ ကြိမ်၊ မေလ ၁၂ ရက်နေ့တွင် ၄ ကြိမ်၊ မေလ ၁၃ ရက်နေ့ တွင် ၂ ကြိမ်၊ မေလ ၁၆ ရက်နေ့တွင် ၂ ကြိမ်၊ မေလ ၂၁ ရက်နေ့တွင် ၁ ကြိမ်၊ မေလ ၂၂ ရက်နေ့တွင် ၂ ကြိမ်၊ မေလ ၂၃ ရက်နေ့တွင် ၃ ကြိမ် ၊ မေ လ ၂၄ ရက်နေ့တွင် ၁ ကြိမ်၊ မေလ ၂၅ ရက်နေ့တွင် ၃ ကြိမ် Shar Htoo WOW နည်းပညာသုံး Fixed Wings Drone များဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူများ သေဆုံးမှုနှင့် အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက်မနည်းသေဆုံး၊ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင်အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၈ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်တွင် တစ်ပတ်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃၆ ဦးထက် မနည်းသေဆုံးကာ ခမရ ၄၀၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း MSRF တပ်ဖွဲ့က  ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၆...