Myingyan News

Myingyan News

 မြင်းခြံ၊ စံပြရွာ စစ်တပ် ယာယီ အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၈

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြရွာရှိ အကြမ်းဖက် စစ်တပ်၏ ယာယီ အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံး ကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces) ထံမှ သိရသည်။

 

ဧပြီလ ၁၅ ရက်နေ့က မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ယာယီ အထိုင်စခန်းကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း (27 Revolution Forces) ၊ ဒေါင်းမင်းတမန် ပြောက်ကျားနက်အဖွဲ့ ၊ MG6 ပြောက်ကျား တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

စစ်ကိုင်း၊ တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင် စီ ပြန်တိုက်နေ   သံလွင်မြန်မာသတင်း မေလ ၂၂   စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း...