Myingyan News

Myingyan News

မြင်းခြံမြို့နယ်၊ တရွန်းဘို့ရွာကို ပျူများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြေင့် အသက် ၂ နှစ်နှင့် ၇ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် မိသားစု ၄ ဦး ထိမှန်ပြီး အိမ်ထောင်ဦးစီးဖြစ်သူ သေဆုံး

 

D Day News

ဧပြီလ ၁၁

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွန်းဘို့ကျေးရွာကို ပျူစောထီးများက လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ရာ အသက် ၂ နှစ်နှင့် ၇ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် မိသားစု ၄ ဦးထိမှန်ပြီး အိမ်ထောင် ဦးစီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတင်းရင်းမြစ်ထံက သိရသည်။

 

ဧပြီလ ၉ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ တရွန်းဘို့ကျေးရွာကို လယ်သစ်ကျေးရွာရှိ ပျူ စောထီး များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထောင်ဦး စီး ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ဦးမင်းနိုင်ထူး သေဆုံးပြီး အသက် ၃၇ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်စံ ကြည် ၊ သမီးဖြစ်သူ အသက် ၇ နှစ်အရွယ် မသင့်မြတ်ဖြိုးနှင့် သမီးဖြစ်သူ အသက် ၂ နှစ်အ ရွယ် မသဲမြတ်ဖြိုးတို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“၆၀ မမနဲ့ပစ်တာ၊ မြင်းခြံ -နဘူးအိုင်လမ်းမပေါ် ဓူဝံကျေးရွာအနောက်ဖက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့က စစ်ဆေးနေတာတော့ရှိတယ်၊ အဲဒီကို လှမ်းပစ်တဲ့သဘောပဲ၊ ဘယ်သူမှလည်းမရှိဘူး၊ လယ် သစ်ရွာကနေ လှမ်းပစ်တာ၊ တရွန်းဘို့ရွာထဲကို ကျပြီး အိမ်ကလည်း စုတ်ပြတ်သတ်သွားတာ၊ ယောက်ျားဖြစ်တဲ့သူက သေတယ်၊ ကျန်တဲ့ ဇနီးနဲ့ သမီးနှစ်ယောက် ဒဏ်ရာအပြင်းအထန်ရတာ၊” ဟု နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံက ပြောကြား သည်။

 

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများကို မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသသော်လည်း ကုသနိုင်ခြင်းမရှိသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသ ထားရကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...