Myingyan News

Myingyan News

မြင်းခြံမြို့နယ်၊ ရသာရွာကို စစ်တပ်က ဝင်ရောက်လာပြီး ပြည်သူ ၃ ဦးပစ်ခတ်သတ်ဖြတ်ကာ နေအိမ် ၂၅၀ ကျော်ကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

D Day News

ဧပြီလ ၉

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာရွာကို အကြမ်းဖက်စစ်သား၊ ပျူစောထီးများက စစ်ကြောင်း ထိုး ဝင်ရောက်လာပြီး ပြည်သူ ၃ ဦးကို ပစ်သတ်ကာ နေအိမ် ၂၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် နံနက် ၅ နာရီခန့်က မြင်းခြံမြို့ပေါ်ရှိအကြမ်းဖက်စစ်သားများနှင့် ကျောက် ကန်ရွာ၊ လယ်သစ်ရွာ၊ ညောင်တို့ရွာတို့မှပျူစောထီးများပူးပေါင်းကာ ကား ၃ စီးဖြင့် ရသာကျေး ရွာအတွင်း သို့ ဝင်ရောက်လာပြီးနောက် ပြည်သူများကို လိုက်လံ ပစ်ခတ်ခဲ့ရာ အ သက် ၆၀ အရွယ် ရသာရွာသား ဦးဥာဏ်ဖေနှင့် ဖရင်းရွာမှ သားအဖ ၂ ဦးတို့ သေဆုံးခဲ့ကြောင်း၊ ထို့နောက် ရွာသူ၊ ရွာ သား များကို စာ သင် ကျောင်းအတွင်းဖမ်းဆီးကာ ဖုန်းများကို သိမ်းယူပြီး ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/B_EcAn2YV1A

“ဒီမနက် ၇ နာရီလောက်က ဝင်လာတာ၊ ပြည်သူတွေကို စာသင်ကျောင်းထဲ ဖမ်းပြီးရိုက်သေးတယ်၊ ဖုန်းတွေပါ သိမ်းသွားတာ၊ ပြည်သူတွေကို ခဏဖမ်းရိုက်ပြီး ပြန်လွှတ်ပေးတယ်၊ အခုတော့ ပြန်ထွက် သွားပြီ၊ တိုက်ပွဲဖြစ်တာမျိုးမရှိပါဘူး။ အကြောင်းမဲ့သက်သက်ကို လာလုပ်သွားတာပါ အခုနေ့လည် ပိုင်း တော့ပြန်ထွက်သွားပြီ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

နံနက်ပိုင်းမှ စ၍ နေ့လည်ပိုင်းအထိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ရသာကျေးရွာရှိနေ အိမ် များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၂၅၀ ကျော်မီးလောင်ပြာကျခဲ့ ကြောင်း၊ ကျေးရွာနေပြည်သူများမှာ နေအိမ်များသို့ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးပဲ နီးစပ်ရာ နေရာများတွင်ရှောင်နေကြရကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က လယ်သစ်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် ပေါက်ကြီး၏ အဖွဲ့ဝင် ပျူစောထီးတစ်ဦးကို ရသာကျေးရွာနေပြည်သူများက မသင်္ကာသဖြင့်ခေါ်ယူစစ်ဆေးခဲ့သည်ကို မကျေနပ်သဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

ပုလောမြို့နယ်၊ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ဝင်ရောက်တိုက်ခိုက်မှု စစ်သား အားလုံး ထွက်ပြေး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမိုင်းတောင်စစ်တပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အားလုံး ထွက်ပေးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ဩဂုတ်လ ၁၇ ရက် နေ့ကကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မြိတ်ထား -ဝယ်ခရိုင် ပုလော (လယ်မူလာ)မြို့နယ်၊ အောင်ပူ(အင်ဖုံး) ကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီ ခလရ...