Myingyan News

Myingyan News

မြင်းခြံမြို့ EPC ရုံးကို မိုင်းခွဲတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၂၅

 

မန္တလေးတိုင်း၊ မြင်းခြံမြို့ EPC ရုံးကို မိုင်းခွဲတိုက်ခိုက်ကာ သတိပေးခဲ့ကြောင်း မြင်းခြံအားမာန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၂၃ ရက် နံနက်အစောပိုင်း ၃ နာရီ ၄၉ မိနစ်ခန့်က မြင်းခြံမြို့ရှိ EPC ရုံးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားလည်ပတ်နိုင်ရေးအတွက် ဆောက်ပေးနေကြ သော မြင်းခြံခမြို့ရှိ ဌာနဆိုင်ရာ အသီးသီးမှ Non CDM ဝန်ထမ်းများကို သတိပေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ဖောက်ခွဲမှုကို မြင်းခြံအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် Burmese Rebels Force – BRF (Myingyan) ပူးပေါင်းကာ လုပ်ဆောင်ခဲခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုလုပ်ဆောင်မှုသည် သတိပေးဖောက်ခွဲ တိုက်ခိုက်ခြင်းသာဖြစ်ပြီး ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ အကြမ်းဖက်စစ်ကောင်ယန္တရား လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးနေသူ မည်သူ့ကိုမဆို အာခံပေး‌ တော့မည်မဟုတ်ကြောင်း မြင်းခြံအားမာန်မြို့ပြပျောက်ကြားတပ်ဖွဲ့ကအသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...