Myingyan News

Myingyan News

ဆီမီးခုံမြို့ အရှေ့ဘက်မြို့အဝင် စာသင်ကျောင်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို ဖောကားဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး လက်နက် ၁ လက်သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၈

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့အရှေ့ဘက်မြို့အဝင် စာသင်ကျောင်းရှေ့ရှိ စစ်ဆေးဂိတ်ကို ဖောကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ဆီမီးခုံမြို့ အရှေ့ဘက်မြို့အဝင် စာသင်ကျောင်းရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ယင်းဂိတ်ရှိ စစ်သား ၃ ဦး၊ ရဲ ၁ ဦးရှိသည့်အနက် စစ်သား ၂ ဦး ရဲတစ်ဦးကို သေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က ဆီမီးခုံဝင်တိုက်ခိုက်တဲ့တာ။ ဂိတ်မှာ ၄ ဦးပဲရှိတာ၊ ကျန်တဲ့တစ်ဦးက ကျောင်းထဲရောက်ပြီး အသားကုန်ပြန်ပစ်နေလို့ အနီးက သေတဲ့ စခဆီကလက်နက်ပဲ ကောက်ပြီး ပြန်ဆုတ်ခဲ့လိုက်ရတာပါ။ ဂိတ်မှာရှိတဲ့ ၃ ဦးလုံးတော့ သေတယ်။ စစ်ကူလာတာမျိုးလည်း မရှိဘူး။ အလျင်အမြန်ဝင်ပစ်ခဲ့တာ ၃ မိနစ်လောက်ပဲ ကြာတယ်” ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စာသင်ကျောင်အတွင်းရှိ စစ်ကောင်စီတပ်သားတစ်ဦးက အဆက် မပြတ်ပြန်လည် ပစ်ခတ်နေသဖြင့် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်၊ ခဲယမ်းများ အေးအေးဆေးဆေးကောက်ယူချိန် မရရှိခဲ့ပဲ အနီးရှိ သေဆုံးစစ်သားထံမှ သေနက် ၁ လက်၊ ကျည် ၁၉ တောင့်၊ ဖုန်း ၁ လုံးသာ ကောက်ယူနိုင်ခဲ့ပြီး ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကိုရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(မြင်းခြံ) နှင့် Aung San’s Blood Civillian Defense Force (ABCDF) မဟာမိတ်ညီနောင်နှစ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

မတရားစုဆောင်းခံရသူ စစ်မှုထမ်းတပ်သား အယောက် ၁၀၀ တွင် ၉၀ ခန့် ထွက်ပြေးချင်ကြဟု လက်နက်ခဲယမ်းနှင့်အလင်းဝင်လာသူ ခမရ ၅၅၈ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦးက ဝန်ခံထွက်ဆို   သံလွင်မြန်မာသတင်း မေလ ၃၀   မတရားစုဆောင်းခံရသူ စစ်မှုထမ်းတပ်သား အယောက် ၁၀၀...