Myingyan News

Myingyan News

မြင်းခြံမြို့၊ ပျူခေါင်းဆောင် သီတာယုမွန်နေအိမ်အပါအဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု စစ်သား၊ ပျူ ၂ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၀

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျူခေါင်းဆောင် သီတာယုမွန်နေအိမ်အပါအဝင် အကြမ်းဖက် စစ် သားများ တပ်စွဲထားရာနေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း 8 Star မြင်းခြံပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က မြင်းခြံမြို့နယ်၊ လေးရွာဆုံပျူရွာ၊ မြင်းခြံမြို့ရှောင်လမ်း၊ ဇီးခြံအနီး တပ်စွဲထားသော အကြမ်းဖက်စစ်သားများနှင့် ပျူခေါင်းဆောင် သီတာယုမွန်နေအိမ်တို့ကို Shar Htoo waw နည်းပညာ Fixed Wing Drone များဖြင့် ဗုံးသီးများကဲ ချတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများတွင် ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့၊ Anyar Federal Task Force(AFTF)နှင့် Freedom Fighter Guerrilla Force (FFGF) အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာတောင်ခြေ၌ စစ်တပ်က ပြည်သူ ၂ ဦးကို လူမဆန်စွာရက်နှိပ်စက် သတ် ဖြတ်ပြီး နေအိမ်နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း မေလ ၃၀   ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာတောင်ခြေ၌ အကြမ်းဖက်စစ်တပ်က ပြည်သူ ၂ ဦးကို လူမဆန်...