Myingyan News

Myingyan News

မြင်းခြံတက္ကသိုလ်အနီးရှိ ပျူစခန်းကို တိုက်ခိုက်မှု ပျူခေါင်းဆောင်သေဆုံး၊ ၂ ဦးအရှင်ဖမ်းမိကာ ဘန်ကာများကို မီးရှို့ရှင်းလင်း (ရုပ်သံ)

 

D Day News

ဧပြီလ ၃

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံတက္ကသိုလ်အနီးရှိ ပျူစခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်တစ်ဦးသေဆုံးပြီး ၁၃ နှစ်သား ပျူတစ်ဦးအပါအဝင် ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။

 

ဧပြီလ ၁ ရက် နံနက် အစောပိုင်းက မြင်းခြံမြို့ တက္ကသိုလ်အနီး သဲဖြူဝကျေးရွာ၊ ကျောက်ကုန်းရှိ

စစ်သား၊ ပျူ ဘန်ကာ အထိုင်စခန်းကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း – Taungtha Youth အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်သား ပျူများ အများအပြားထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

 

https://youtu.be/NBkz_0vUou4

ထိုသို့ သိမ်းပိုက်မှုအတွင်း ပျူတစ်ဦး လက်နက်ချ အညံ့ခံလာခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ပျူတစ်ဦး ထံမှ ကိုးလုံးကျည်ထည့်ပစ်ရသော သေနတ် ၁ လက်၊ ကျည်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ပြီး အမျိုးသမီးများလည်း ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်သား၊ ပျူများနေထိုင် ရာ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာများဖြင့် ထွက်ပြေးတိမ်းရှောင်သွားသာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို နာရေး ကားများဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးရရှိခဲ့သော အသက် ၁၃ နှစ်အရွယ် ပျူစောထီးနှင့်အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို  မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ၊ မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၄ ၊ အမေ့လက်ရုံးပြောက်ကျားတပ်၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ Anyar Federal Task Force – AFTF နှင့်  justice Warriors Force တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြင်းခြံမြို့မှ စစ်ကူအများ ထွက် လာ နိုင်သဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...