Myingyan News

Myingyan News

မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်မိစ္ဆာတပ်က မြင်းခြံဆရာတော် ဥူးဥတ္တမကို ထပ်မံသတ်ဖြတ်

 

D Day News

ဇွန်လ ၂၃

 

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြို့ပတ်လမ်း ၊ မောင်ရင်မောင်နှင့် ဆခမ ကြားတွင် အကြမ်းဖက်စစ်မိစ္ဆာ တပ်က ခြင်းခြံဆရာတော် ဥူးဥတ္တမကို ထပ်မံပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂၂ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မြင်းခြံမြို့၊ မြို့ပတ်လမ်း၊ မောင်ရင်မောင် နှင့် ဆခမ အကြားတွင် မြင်းခြံဆရာတော် လိုက်ပါလာသည့် လူနာတင်ယာဉ်ကို အကြမ်းဖက်စစ်သား များက ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလော်ဘီချန်နယ်များက PDF တပ်ဖွဲ့က သတ်ဖြတ်ဟု ထပ်မံလိမ်လည်ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။

“မြင်းခြံ ဆခမဆရာတော် ဥူးဥတ္တမလူနာလာပိုတဲ့ကိစ္စမှာ စစ်တပ်က ပစ်သတ်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ Myingyan Black Tiger အဖွဲနဲ့လုံး ဝ(လုံးဝ) မသက်ဆိုင်ပါဘူး။ ကျနော်တို့  Myingyan Black Tiger (MBT)က မြင်းခြံမြို့နဲ့ နီးနီးကပ်ကပ်မှာ ရှိမနေသလို ဒီရက်ပိုင်းမှာလည်း စစ်ရေးလှုပ် ရှားမှု မရှိခဲ့ပါဘူး။” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

မြင်းခြံခရိုင်တပ်ရင်းအမှတ် (၉) Myingyan Black Tiger (MBT)အဖွဲ့အနေဖြင့်  စစ်အာဏာရှင် စနစ် အမြစ်ပြတ်ရေးအတွက်သာ တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး ရဟန်းရှင်လူ မိဘပြည်သူများဘက်ကို မည် သည့် အခါမှ  သေနတ်ပြောင်းဝမလှည့်ခဲ့ကြောင်း၊  အမျိုးသားညွညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန် ကြီး ဌာန- MOD လက်အောက်မှ တရားဝင် တပ်ရင်းဖြစ်ပြီး စစ်သည်တော်ကျင့်ဝတ်များနှင့်အညီ တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီကိစ္စမှာ စစ်တပ်ဝါဒဖြန့် သတင်းဌာနတွေက လူနာလာပိုတဲ့ဘုန်းကြီးကားကို MBT တပ်ဖွဲ့က ပစ် ခတ်ခြင်းမရှိသလို တပ်ဖွဲ့စစ်ရေးလှုပ်ရှားရာနေရာလည်းမဟုတ်တဲ့အတွက် တပ်ဖွဲ့ကို စွပ်စွဲသူတွေကို လိုက်လံစုံစမ်းပြီး အရေးယူသွားမှာဖြစ်ပါတယ်။အခင်းဖြစ်ပွားတဲ့နေ့ရက်မှာ မည်သည့် မဟာမိတ် တပ်ဖွဲ့ကမှ စစ်ရေးလှုပ်ရှားတာမရှိ။ ကျနော်တို့ MBT ကလည်း အခင်းဖြစ်နေရာမှာ တပ်စွဲခြင်းစစ်ရေး လှုပ်ရှားခြင်းမရှိပါဘူး၊ အခင်းဖြစ်နေရာမှာက စစ်တပ်ကင်းပုန်းတွေသာရှိနေပြီး စစ်တပ်ဘက်ကသာ ကျူးလွန်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်ခတ်သတ်ဖြတ်ပြီး PDF တပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု လိမ်လည် ဝါဒဖြန့်ခဲ့သော်လည်း ဆရာတော်နှင့်အတူလိုက်ပါလာသော ကန်သုံးဆင့်ဆရာတော်က အမှန်တရားကို ဖွင့်ချခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီဘက်တော်သားများ၏ လိမ်လည်မှုပေါ် ပေါက်ခဲ့ သေးသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...