Myingyan News

Myingyan News

မြင်းခြံမြို့နယ်၊ ဆုံရွာနှ့င် ကတောရွာရှိ စစ်သား၊ ပျူစောထီးများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခိုက်မှု ၅ ဦး ဒဏ်ရာရ(ရုပ်သံ)

 

D Day News

ဇွန်လ ၁၈

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာနှင့် ကတောရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။

 

ဇွန်လ ၁၄ ရက် ညနေ ၄ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြိုအရှေ့ဘက်ရှိ ပျုစောထီးများကြီးစိုး သော ဆုံရွာအနီးရှိ ဇရပ်တစ်ခုပေါ်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/UbVjxnDvr_g

“သေ၊ မသေတော့ မသိရသေးပါဘူး၊ ဆက်လက် စုံစမ်းနေတုန်းပါ၊ ကတောရွာမှာ ဒရုန်းချတာက တော့ ၃ ဦးဒဏ်ရာရတယ်လို့ ကြားသိရပါတယ်။” ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အလားတူ ဇွန်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် မြင်းခြံမြို့နယ်၊ ကတော‌ရွာရှိ တိုက်အိမ်တစ်လုံး ပေါ် နှင့် ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ နှင့် Aung San’s Blood Civilian Defense Force – ABCDF မဟာမိတ်ညီနောင်နှစ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်၊ ရေအောင်မြင်ဘုန်းကြီးကျောင်းရှေ့၌ ဂိတ်ချထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၄   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာ၊ ရေအောင်မြင်ဘုန်းကြီး ကျောင်း ရှေ့၌ ဂိတ်ချ ထားသော...