Myingyan News

Myingyan News

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းနှင့်ကျောက်ကန်ရွာရှိ စစ်သားများကို ဗုံးကျဲတိုက်ခိုက်မှု ၄ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၂၈

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းနှင့် ကျောက်ကန်ပျူစောထီးကျေးရွာတို့ကို ဒရုန်းဖြင့် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို Shar Htoo Waw နည်းပညာ Fixed Wings Drone များဖြင့် ၁၃၀၀ ဂရမ်အလေးချိန်ရှိ မိုင်းဗုံးသီး ၃ လုံး၊ ၆၀၀ ဂရမ် အလေးချိန်ရှိ မိုင်း ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံသို့ နာရေးကားဖြင့် သယ်ဆောင်သွားပြီး ဆေးကုသနေစဉ် သေ ဆုံးသွားကြောင်း သိရသည်။

 

“ထိချက်က တော်တော်ကောင်းပြီး ၄ ကောင် အပြင်းအထန်ဒဏ်ရာရတာ၊ အဲဒီ ဒဏ်ရာရတဲ့သူ တွေကို ကားနဲ့တခါတည်းတင်သွားတယ်လို့ မနေ့က သတင်းရတာပေါ့၊မန္တလေးဘက်ကို တင်သွား တာ၊ အခုကတော့ ၄ ကောင်လုံး ရှောသွားပြီလို့ သတင်းထပ်ရတယ်၊ ကျောက်ကန်ရွာမှာလည်း နာရေးကားတစ်စီးဝင်သွားတယ်လို့ သတင်းရတယ်၊ ကျန်တဲ့အပိုင်းကတော့ သိပ်မသိရဘူး၊ ပျူရွာလို့ ဖြစ်နေတော့၊သူတို့က စိုးမိုးထားတာဆိုတာ့” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

https://youtu.be/j12ImI4SHPY

 

ထို့အပြင် ညနေ ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစော ထီး များကို Fixed Wings Drone များဖြင့် ၆၀၀ ဂရမ်အလေးချိန်ရှိ ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံနှင့် ရွှေခြံသာပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ပြန်လည် ပစ်ခတ်မှု ရှိခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း စစ်တပ်ကလေကြောင်းဖြင့် အကြိမ် ၂၀၀ ကျော် ဗုံးကြဲ တိုက်ခိုက်၊ စခန်းရှင်းလင်းချိန် ပုပ်ပွနေသော စစ်သားအလောင်းများတွေ့ရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ် ၂၀၀ ကျော်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း...