Myingyan News

Myingyan News

မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဇော်မင်းမိုးကို ဝင်ရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ကာဘိုင်သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

မတ်လ ၂၇

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်း မိုးကို ဝင်ရောက်ဖမ်းဆီးစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ကာဘိုင်သေနတ် တစ်လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ၊ အကြမ်းဖက်စစ် ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် ဖမ်း ဆီးရာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးမှ ၎င်းကိုင်ဆောင်ထားသော ကာဘိုင်သေနတ်ဖြင့် ပြန် လည်ခုခံပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးသည် လက်နက် ကိုင် ဆောင်ထားသည့် သေနတ်ကို ပစ်ချကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထို့ကြောင့် ကာ ဘိုင်‌သေနက် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကာဘိုင်ကျည် ၄၃ တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို HERO DEFENCE FORCE (မြင်းခြံ) နှင့် ရွှေဂျိူးဖြူ – ပြည်သူကာကွယ် ရေးတပ်ဖွဲ့ (မြင်းခြံ) ညီနောင်မဟာမိတ် နှစ်ဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မနည်းကို စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး‌ ငွေဖြင့်ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုအတွင်းရှိ လူငယ် ၁၃ ဦးထက်မ နည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ငွေဖြင့် ရွေးနိုင်သူ ၅ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညပိုင်းက နောင်ချိုမြို့နယ်၊...