Myingyan &Natogyi News

Myingyan &Natogyi News

မြင်းခြံမြို့နယ်ရှိ စက်လက်နက်ပစ္စည်းကုန်ကြမ်းထုတ်လုပ်စက်ရုံကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် တိုက်ခိုက်၊ နွားကြီးမြို့နယ်၊ ပြင်စီရွာ ဓာတ်အားခွဲရုံစောင့် စစ်သားများနှင့် အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ ၌တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် (ရုပ်သံ)

 

D Day News

မတ်လ ၂၆

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် စက်လက်နက်ပစ္စည်းကုန်ကြမ်း ထုတ်စက်ရုံကို ရော့ကတ်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၅ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်ခြေရှိ အကြမ်းဖက် စစ်တပ် လက်နက်ပစ္စည်း ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား ၇၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း ၃ ၊ နွားထိုးကြီး မြို့ နယ် (ပကဖ) ၊ ရွှေခြံသား ပြောက်ကြားတပ်ဖွဲ့၊ Security & Special Task နှင့် Force (SSTF -MDY) တိုမှ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/ZHQuQGRFNZk

ထို့အပြင် မတ်လ ၂၄ ရက် ညနေ ၅ နာရီခန့် နွားထိုးကြီးမြို့နယ်၊ ပြင်စီကျေးရွာရှိ ဓာတ်အားခွဲစက်ရုံ တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို  Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် MHLG wing အဖွဲ့တို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

အလားတူ ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင်အမှတ် ၃၁၉ တွင် တပ်စွဲထားသော စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ ထံမှ သိရသည်။

 

မတ်လ ၂၂ ရက် ညနေ ၄ နာရီအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း ပေါ် မိုင်တိုင်အမှတ် ၃၁၉ ၌ တပ်စွဲကာ လမ်းသွားလမ်းလာများအပေါ် ငွေညစ်တောင်းခံနေသော အကြမ်းဖက်စစ်သားများကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲတိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

ကော့သောင်းမြို့နယ် ခမရ ၅၈၂ တပ်ရင်းနှင့်မလိဝမ်းရဲစခန်းကို တပြိုင်တည်းတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၇ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး သေဆုံးခဲ့ ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၄ ရက် နံနက်အစောပိုင်း ၂...