Myeik News

Myeik News

မြိတ်မြို့နယ်၊ သက္ကယ်ကျင်းရွာတွင် စစ်တပ်ထောက်တိုင် ရာအိမ်မှူးပါ ၃ ဦး ပစ်ခတ်ခံရပြီးသေဆုံး

 

D Day News

မေလ ၅

 

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ သက္ကယ်ကျဉ်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်ထောက်တိုင် ရာအိမ် မှူး အပါအဝင် ၃ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

မေလ ၃ ရက် ည ၈ နာရီခန့်က မြိတ်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်အ တွက် မဲစာရင်းလိုက်လံကောက်ယူနေသူ ရာအိမ်မှူးနှင့်နောက်လိုက် ၂ ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးပြီး ရွာ၏ တဖက်ကမ်းအရောက် သေနတ်သံများ ကြားရကာ နံနက်မိုးလင်းချိန်၌ သေဆုံးနေသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“မဲစာရင်းလိုက်ကောက်နေတဲ့ ရာအိမ်မှူးနဲ့ နောက်လိုက် ၂ ယောက်စုစုပေါင်း ၃ ယောက်အသတ်ခံရ တာပါ။ အိမ်ပေါ်အထိတက်ပြီး ဖမ်းဆီးသွားတာပါ။ ရွာရဲ့ တဖက်ကမ်းကို လှေနဲ့ခေါ်ဆောင်သွားပြီး နောက် သေနတ်သံကြားရတာ၊ အချိန်က ည ၉ နာရီလောက်ဖြစ်မယ်။ မနက်ကျတော့ စစ်သား၊ ပျူ စောထီး တွေ အယောက် ၅၀ လောက်ရောက်လာတော့ ရွာထဲကလူငယ်တွေ ထွက်ပြေးရင်းနဲ့ အ လောင်းကို တွေ့ခဲ့တာ” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်ထောက်တိုင်ရာအိမ်မှူးနဲ့ နောက်လိုက်တို့ အသတ်ခံရမှုကို ပတ်သက်၍ စစ်သား၊ ပျူစောထီး အင်အား ၅၀ ခန့်ဖြင့် ကျေးရွာအတွင်း ဝင်ရောက်ခဲ့ရာ သက္ကယ်ကျင်းကျေးရွာနေ လူငယ် များ အားလုံး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ အကြမ်းဖက်စစ်တပ်ထောက် တိုင်ရာအိမ်မှူး အပါအဝင် ၃ ဦးကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မသိရသေး ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

ထားဝယ်မြို့အခြေစိုက် ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦးလက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်   သံလွင်မြန်မာသတင်း မေလ ၂၃   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၁ တပ်ရင်းမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်...