Myeik News

Myeik News

ပလမြို့၊ ဝါးကျောင်းအနီးသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ခန့် ထိခိုက်ဒဏ်ရာရ

 

D Day News

ဧပြီလ ၉

 

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ ဇာဒီရပ်ကွက်၊ ဝါးကျောင်းအနီး ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၈ ရက် နံနက် ၆ နာရီခန့်က ပလမြို့၊ ဇာဒီရပ်၊ ဝါးကျောင်းအနီး လှုပ်ရှားလာသည့် အင်အား၂၈ ဦးပါ အကြမ်းဖက် ဖက်ဆစ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ လက်ဦးမှု ယူ ပြီး ပစ်ခတ်ခဲ့ရာ ၄၅ မိနစ်ကြာ အပြင်းအထန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ် တိုက်ခိုက် မှုအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်သား များက လက် နက်ကြီးပစ်ကူအမြောက်အမြား အသုံးပြုကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ ထိတွေ့ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု အသေးစိတ်ကို အတည် ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁ ဦးနှင့် အရပ်သားပြည်သူ ၁ ဦး ဒဏ်ရာရှိခဲ့ပြီး ၂ ဦးစလုံး စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း သိရသည်။

 

မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် မဟာမိတ်တော်လှန်ရေး အင် အားစုများအနေဖြင့် ပုလောမြို့နယ် အတွင်းရှိ အကြမ်းဖက် ဖက်ဆစ် တပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများကို အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ထိုကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်း များ စနစ်တကျတူးထားရန်၊ အရေးကြီးပစ္စည်းများကို စနစ်တကျထုပ်ပိုးရန်နှင့် တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို အလေး အနက်ထား လိုက်နာပေးရန် ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၁၅ ရက် ညနေ ၇ နာရီခန့်က မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ အကြမ်းဖက်စစ်...