Myawaddy News

Myawaddy News

မြဝတီမြို့၊ ထိုင်း -မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားတွင် တိုက်ပွဲပြင်းနေ၊ လက်နက်ကြီး၊ လက် နက်ငယ် ပစ်ခတ်သံများ မဲဆောက်မြို့မှ ကြားနေရ (ရုပ်သံ)

 

D Day News

ဧပြီလ ၂၀

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း -မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားတွင် တိုက်ပွဲပြင်းနေပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ မဲဆောက်မြို့မှ ကြားနေရကြောင်း သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေပိုင်းကစတင်ပြီး မြဝတီမြို့၊ ထိုင်း – မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားအောက်၌ ခိုလှုံနေသော အကြမ်းဖက်စစ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် စတင်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကလည်း လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိကြောင်း သိရသည်။

https://youtu.be/qoDC8jyv9So

“လက်နက်မချတဲ့စစ်သားတွေကို ဒရုန်းနဲ့တာ သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိတယ်တော့ ကြားသိ ရတယ်၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေရော၊ အခုထိလည်း ကြားနေရတုန်း။ တစ်ချို့ဗုံးကွဲ သံတွေက အကျယ်ကြီးကြားနေရတာ၊ လက်နက်ငယ်ပစ်သံတွေကတော့ တောက်လျှောက်ပဲကြား နေရတယ်၊” ဟု မဲဆောက်မြို့နေပြည်သူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲကြောင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းဘက်အခြမ်းက ပိတ်ထားပြီး ထိုင်း စစ် တပ်ကလည်း အင်အား တိုးမြှင့်ထားကာ စစ်ရေး အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။

 

မြန်မာဘက်အခြမ်း အမှတ် ၂ တံတားအနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး မြဝတီမြို့နေပြည်သူများကလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာ ကြဲမည်ကို စိုးရိမ်ကာ တိမ်းရှောင်နေသူများရှိသလို အထုပ်အပိုးပြင်ကာ အခြေအနေစောင့်ကြည့်နေ သူများလည်းရှိကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊...