Myawaddy News

Myawaddy News

လက်နက်ချအညံ့ခံခြင်းမရှိသည့် မြဝတီမြို့ ခလရ ၂၇၅ မှ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် မြဝတီအမှတ် ၂ တံတားအောက် ပုန်းရှောင်နေ

 

D Day News

ဧပြီလ ၁၁

 

လက်နက်ချအညံ့ခံခြင်းမရှိပဲ ပေကပ်နေသည့် မြဝတီမြို့နောက်ဆုံးလက်ကျန် ခလရ ၂၇၅ တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးပြီးနောက် ထိုင်း – မြန်မာနယ်စပ်အမှတ် ၂ ချစ်ကြည်ရေးတံတာအောက်သို့ သွားရောက်ပုန်းရှောင်နေ ကြောင်း KNU ဗဟိုက ထုတ် ပြန်သည်။

 

မြဝတီမြို့ နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်သည့် ခလရ ၂၇၅ တပ်ရင်းကို ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ လက်နက်ချအညံ့ရန် ညှိနှိုင်းအချိန်ပေးခဲ့သော်လည်း လက် နက်ချအညံ့ခံခြင်းမရှိသဖြင့် ဧပြီလ ၈ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ စခန်းသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း ယခု အချိန်တွင် မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကျွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်း များ မရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန် အသိပေးကြပါရန် KNU ဗဟိုက ထုတ်ပြန်ထား သည်။

 

တိုက်ခိုက်ချေမှုန်းခံရပြီး အသက်သေဆုံးခြင်းမရှိပဲ ကျန်ရှိနေသော အကြမ်းဖက်စစ်သားများသည် ခလရ −၂၇၅ တပ်စခန်းမှ ထွက်ပြေးသွားပြီးနောက် မြဝတီတံတားအမှတ် ၂ ချစ်ကြည်ရေးအောက်၌ သွားရောက် ပုန်းရှောင်နေပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်ခိုလှုံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ခိုလှုံရန်စီစဉ်နေသော်လည်း ယခုအချိန်အထိ သွားရောက်နိုင်ခြင်းမရှိပဲ ပိတ်မိနေသဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ရမ်းသန်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့် ပြည်သူလူထုများအနေဖြင့် ၎င်းနေရာအနီးတစ်ဝှိုက်သို့ သွားရောက်ခြင်း မပြု လုပ်ကြရန် အသိပေးထားသည်။

 

မြဝတီမြို့ရှိ တပ်စခန်းများအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရသော အာဏာသိမ်းအကြမ်းဖက်စစ် ကောင်စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများနေထိုင်ရာနေရာဒေသများအတွင်းသို့ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ပြည်သူလူထုများ အနေ ဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန်အသိပေးကြပါရန် KNU ဗဟိုက ထုတ် ပြန်ထားသည်။

 

Photo – ခလရ ၂၇၅ တပ်ရင်းမှ သိမ်းဆည်းရှိသော လက်နက်ခဲယမ်းများနှင့်မြဝတီတံတားအမှတ် -၂ တွင် ပုန်းရှောင်လျှက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၃ ဦးသေဆုံးပြီး ပျူခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၊ ပျူ ၃ ဦး သေဆုံးပြီး ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် ၁၉၀ ဦးကျော် ဖမ်းမိခဲ့ကြောင်း အမှတ် ၁ စစ် ဒေသက ထုတ်ပြန်သည်။...