Myawaddy News

Myawaddy News

အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ သင်္ကန်းညီနောင် ဗျူဟာစခန်းမှ အရာရှိ၊ အခြား အဆင့်၊ မိသားစုဝင် ၆၁၇ ဦးလက်နက်ချအညံ့ခံ

 

D Day News

ဧပြီလ ၆

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ သင်္ကန်းညီနောင် ဗျူဟာစခန်းမှ အရာရှိ၊ အခြားအဆင့်၊ မိသားစုဝင် ၆၁၇ ဦးလက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဧပြီလ ၅ ရက် နံနက် ၈ နာရီခန့်က မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီအချိန် အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်ရရှိသော စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချ စခန်းတွင် အရာရှိအဆင့်(၆၇) ဦး၊ အခြားနှင့်တပ်သားအဆင့် (၄၁၀) ဦး၊ စုစုပေါင်း (၄၇၇) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ(၅၉)ဦးနှင့် တပ်မိသားစုဝင် (၈၁)ဦး စုစုပေါင်း (၁၄၀)ဦး လက်နက်ချ ဝင်ရောက်လာခဲ့ကြောင်း၊ ထို့ကြောင့် လက်နက်ချအလင်းဝင်ရောက် လာသူ အရာရှိအဆင့်၊ တပ်သားများ၊ ရဲမေများနှင့် တပ်မိသားစုဝင်များ စုစုပေါင်း (၆၁၇)ဦး ရှိကြောင်း သိရသည်။

 

ထို့အပြင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းမီးကျောက်မြောက်များစွာကို သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းသည် ၁၉၆၈ ခုနှစ်ကစ၍ အခြေချတပ်စွဲခဲ့ခြင်းဖြစ်ပြီး ယင်း စစ်ဗျူဟာအခြေချ စခန်းရှိခြင်းကြောင့် နယ်မြေတွင်းနေထိုင်ကြသော ကရင်လူမျိုးနှင့် အခြားလူမျိုး များ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများကို ထိခိုက်ကျဆင်းစေသည့် အပြင် ရိုးရာယဉ်ကျေးမှုများ လည်း ပျက်စီးပျောက်ကွယ်ခဲ့ကြောင်း၊ အထူးသဖြင့် အကြောက်တရားနှင့်နေထိုင်နေရသော လူသား များ ၏ဘဝလုံခြုံမှုကင်းမဲ့ရခြင်းကို ဖြစ်ပေါ်စေခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် အဲပါ အပါအဝင် စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၁၅ ရက် ညနေ ၇ နာရီခန့်က မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ အကြမ်းဖက်စစ်...