Myaung News

Myaung News

မြောင်၊ လက်ယက်မရွာတိုက်ပွဲအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီးစစ်တပ်က ရဟတ်ယာဉ်ဖြင့်တိုက် ခိုက် (ရုပ်သံ)

 

D Day News

မေလ ၂၆

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ လက်ယက်မရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး စစ်တပ်ရ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Myingyan 21 ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၃ ရက်နေ့က မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာဘက်မှတဆင့် မြောင်မြို့နယ်၊ လက် ယက်မကျေးရွာ အနောက်ဘက်ရှိ CDSOM ၏စခန်းတစ်ခုကို စီးနင်းရန် ချီတက်လာသည့် အကြမ်း ဖက်စစ်တပ် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၅ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာသို့ သယ်ဆောင်သွားပြီး ကျေးရွာအတွင်း၌ ပြည်သူများကို အကာအကွယ်ယူကာ ဆေးကုသနေကြောင်း သိရသည်။

https://youtu.be/9YIbQkdqaSU

“ထိတွေ့တိုက်ပွဲဖြစ်တာကြာတယ်၊ နေ့ခင်းပိုင်းတစ်ပိုင်းလုံးနီးပါပဲ၊ ညနေ ၅ နာရီကျော် ၆ နာရီ လောက်မှ ပြီးသွားတာ။ စစ်တပ်ဘက်က အထိအခိုက်များပြီး ပိတ်မိနေတော့ Mi 35 နဲ့လာပစ် ပြီးတော့ ကယ်ထုတ်သွားတာ။ Mi35 နဲ့ပစ်တာ ၁ နာရီကျော်ကျော်လောက်ကြာတယ်။ မုံရွာ နမခ တက်လာပြီး ပစ်ပေးတာ။ အဲလိုလာပစ်တဲ့ချိန်မှာပဲ အောက်မှာရှိ စခတွေကလည်း ညာသံတွေ ဘာ တွေပေးပြီးတော့ တက်လာတာ၊ အဲဒီအချိန်မှာ ကိုယ့်လူတွေကလည်း ဆုတ်ပေးလိုက်ရတာပေါ့။ အပေါ်ရော အောက်ရောဆိုတော့။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သားများမှာလည်း PDF စခန်းကို မီးရှို့ပြီး သေဆုံးစစ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်ကာ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေး ရွာသို့ ပြန်လည်ဆုတ်ခွာ သွားကြောင်း သိရသည်။

 

“ဗုံးချခံရမှာကြောက်လို့ထင်တယ်။ သူတို့တပ်စွဲထားတဲ့စခန်းထဲမှာ ဆေးမကုဘူး၊ နတ်ရေရွာတောင် ပိုင်းက နေအိမ်တွေထဲမှာ ဆေးကုသနေတယ်လို့ သိရတယ်။ ပြည်သူတွေရှိတော့ ကျနော်တို့လည်း ရွာထဲကို ဗုံးသီးမချပဲ သူတို့တပ်စွဲထားတဲ့ စခန်းကိုတော့ ဗုံးချခဲ့သေးတယ်၊ ထိခိုက်သေဆုံးမှုကိုတော့ မသိရဘူး” တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၂ ၊တပ်ခွဲ ၃ ၊တပ်စု ၂ -Myingyan 21 ၊ ပြောက် ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြောက်ကျားအဖွဲ့၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့ – CDSOM ၊ အညာမြေအဖွဲ့ ကျောက်ပန်းတောင်း၊ PDF တလုပ်၊ ပြောက်ကျားလက် ရုံးအဖွဲ့၊ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့003 ၊ တိုက်နယ်တပ်ပေါင်းစုအဖွဲ့၊ Hero အဖွဲ့ ၊ မြို့နယ် ပကဖ အဖွဲ့နှင့် ဗိုလ်စားဖိုအဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...