Myaing News

Myaing News

မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများတပ်စွဲထားသည့် နေရာများကို ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)

 

D Day News

မေလ ၁၈

 

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများတပ်စွဲထားသည့် နေရာများကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကျားသစ်နက်တပ်မတော်ထံ မှ သိရ သည်။

 

ယမန်နေ့ မေလ ၁၇ ရက် ညနေ ၅ နာရီ အချိန်ခန့်က မြိုင်မြို့ပေါ်ရှိ မီးသတ်ရုံးနား၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ကျားသစ်နက်တပ်မတော် – Black Leopard Army မြိုင်တပ်ခွဲမှ ဦးဆောင်ပြီး အင်အား ၅၀ ဖြင့် အဖွဲ့ ၃ ဖွဲ့ခွဲ၍ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

https://youtu.be/vCmsmL6yNiM

“အဓိကတော့ မြိုင်မြို့ မီးသတ်ရုံးနားက ခွေးဂိတ်ကို ဝင်ပစ်တာပါ။ ကျန်တဲ့ နှစ်ဖွဲ့က စစ်ကူလမ်း ကြောင်းဖြတ်တောက်တာဝန်ယူတယ်။ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီလောက်ကြာခဲ့ တယ်။ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် မသိရသေးပါဘူး” ဟု ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ သိရှိ နိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း ၊ တပ်ခွဲ-၄ လရောင်ပြည်သူ့ ကာကွယ် ရေးအဖွဲ့၊ ဗိုလ်စတီးအဖွဲ့ ၊ ကိုမိုက်ခဲအဖွဲ့၊ ကျားပေါက်အဖွဲ့ နှင့် မိုင်းတစ်ထောင်ဗိုလ်ပြောင်အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...