Myaing News

Myaing News

မြိုင်မြို့နယ်၊ ကိုင်းတောမရွာနှင့် သရက်ကန်ပျူရွာတို့မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ပျူ ၄ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၆

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာနှင့် သရက်ကန်ပျူရွာတို့မှ ထွက်လာသော အကြမ်းဖက်စစ် သား၊ ပျူစောထီး စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၄ ဦးသေဆုံးခဲ့ကြောင်း Earthquake People’s Defence Force ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၆ ရက် နံနက် ၉ နာရီခန့်က မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် စက်တွင်း၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သား ၂၀ ဦးခန့်သည် ကိုင်းတောမရွာတောင်ဘက်သို့ ရိက္ခာရှာ ထွက်လာ စဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် မီတာ ၂၀ ခန့်အကွာအ ရေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးပွဲချင်းပြီးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သားများ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

 

“ကိုင်းတောမရွာကနေအထွက်လေးမှာ တိုက်ခိုက်ခဲ့တာ၊ အနီးကပ်ကင်းစောင့်ပြီးပစ်ခဲ့တာဆိုတော့ ၃ ဦးပွဲချင်းပြီးသေတယ်၊ ချက်ချင်းပြန်ဆုတ်ပြေးသွားတာ၊ အဲဒါကို မိုင်းပွိုင့် ၁ ပွိုင့်နဲ့ ထပ်ဆွဲခဲ့တဲ့ အချိန် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ပွေ့သယ်ပြီး ရွာထဲကို ပြန်ဝင်သွားတယ်၊ မြိုင်၊ သရက်ကန်ရွာ ပျူတွေ ကို တိုက်ခိုက်ခဲ့တာ တစ်ဦးသေတယ်၊ သူတို့လည်း တိုက်ခိုက်ခံရပြီး သရက်ကန်ရွာထဲ ပြန်ဝင်သွား တယ်” ဟု Earthquake People’s Defence Force မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်က ပြောကြားသည်။

 

ထိုသို့ ပြန်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မိုင်းပွိုင့်ဖြင့် ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ရာအကြမ်းဖက် စစ်သား ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ထွက်လာသော ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း Earthquake People’s Defence Force ထံမှသိရသည်။

 

ယနေ့ ဧပြီလ ၂၆ ရက် နံနက် ၉ နာရီခန့်က မြိုင်မြို့နယ်၊သရက်ကန်ပျုရွာမှ တောင်ဘက်သို့ အင်အား ၁၅ ဦးခန့်ဖြင့် ထွက်လာသော ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးအဖွဲများမှ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျုစောထီး ခိုင်လွင် နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှု တပ်ရင်းတပ်ဖွဲ့များဖြစ်သော ပခုက္ကူမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)၊ Pakokku People’s Defence Force၊ Earthquake People’s Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ Pakokku Ranger၊ Pakokku Hunter၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ စကြာ်တပ်ဖွဲ့၊ မြိုင်မြို့ နယ် အခြေစိုက်စုဖွဲမှု တပ်ရင်းတပ်ဖွဲ့၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မြိုင်ပကဖ တပ်ရင်း ၁ ခွဲ ၁၊ ခွဲ ၂ နှင့် မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကို တိုက် ခိုက်ချေမှုန်းနိုင်ရန် လမ်းပိုင်းများ ယာယီပိတ်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို ဦးတည်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းရန် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော -ကန်ပကလက်လမ်းပိုင်း များကို ယာယီပိတ်လိုက်ကြောင်း CDF Kanpetlet က ထုတ်ပြန်သည်။...