Myaing News

Myaing News

မြိုင်မြို့နယ်၊ပခုက္ကူ -ကမ္မလမ်းပိုင်းရှိ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့် နေရာအား နယ်မြေ ရှင်းလင်းစဉ် ကျည်ဆံများ၊ ကျည်ဘောက်များနှင့် စစ် အသုံးအဆောင်များ သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၁၆

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူ -ကမ္မလမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ သည့်နေရာအား နယ်မြေရှင်းလင်းစဉ် ကျည်ဆံများ၊ ကျည်ဘောက်များနှင့် စစ် အသုံး အဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ဇွန်လ ၃ ရက် နံနက် ၈ နာရီခန့်က ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော အကြမ်းဖက် စစ်သား ၁၅၀ ခန့်နှင့် ယာဉ် ၁၃ စီးပါ အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို ပခုက္ကူနှင့် ကမ္မလမ်းပိုင်းတွင် Drone ဖြင့် ဗုံးသီးအလုံး ၅၀ ခန့် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် စစ်သား၊ ရဲ၊ ပျူစော ထီး ၁၀ ဦးခန့်သေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် အထိနာသော အကြမ်းဖက်စစ် ကြောင်းက လေကြောင်းပစ်ကူတောင်းခဲ့ရာ ဇွန်လ ၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ကံမြင့် ကုန်းကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ လေကြောင်းပစ်ကူတောင်းခဲ့သည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့သည့် နေရာအား ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် မြိုင် ပကဖတပ်ဖွဲ့က မြိုင်မြို့နယ်၊ ကံမြင့်ကုန်းကျေးရွာကို နယ်မြေ ရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများကျန်ရှိခဲ့သည့် 9 mm ကျည် ၂၁၅ တောင့်၊ G–3 ကျည် ၇၁ တောင့်၊ 40 mm ကျည် ၁ ဖူး၊ Uzi ကျည်ဘောက် ၃ ဘောက်၊ အတိုဘောက် ၁ ဘောက်၊ လက်ပစ် ၂ လုံး၊ လက်ထိပ် ၁ ခုနှင့်အတူ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မြိုင် ပကဖ၊ Black cobra force (ကမ္မတပ်ပေါင်းစု)၊ PKU Thurain၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Pakokku People Defense Force (PPDF)၊ Myaing Air Fighter၊ The Red Revoliters၊ DMG (ဓားမင်းကြီး)၊ Kamma Defense Force (KMDF)၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃ နှင့် ဘာမထီပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်...