Myaing News

Myaing News

မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ထွက်လာသော စစ်သား၊ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

 

D Day News

ဇွန်လ ၁၂

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူများကို ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပျူ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၂ ရက်န့တွင် မြိုင်မြို့နယ်၊ သရက်ကန်ပျူကျေးရွာမှ ထွက်လာသော ရိက္ခာရှာ စစ်သား၊ ပျုများကို အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ပျုစောထီး တစ်ဦးသေဆုံးပြီး ပျူခေါင်းဆောင် ဆန်းလွင် မှာ ပေါင်တဖက် ပြတ်သွားကြောင်း သိရသည်။

 

မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ပျူများသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို အစဉ်အမြဲ ဒုက္ခပေး လျက်ရှိပြီး ပြည်သူ့ပိုင်ပစ္စည်းရိက္ခာများကို အမြဲခိုးယူလျက်ရှိကြောင်း မြိုင်ပကဖ က ထုတ်ပြန်ထား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း (၁) ၊ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) ၊နှင့် မြိုင်ပကဖ အဖွဲ့ဝင် များ ဖြစ်သော TYK‎ ပြောက်ကျားတပ်ဖွဲ့နှင့် မုန်တိုင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...