Mutraw News

Mutraw News

မူတြော်ခရိုင်တွင် မေလအတွင်း တိုက်ပွဲပေါင်း ၁၀၇ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်စခန်း ၅ ခု သိမ်းပိုက်ရရှိကာ ကောင်စီတပ်သား ၆၀ ကျော်သေဆုံး၊ ဒဏ်ရာရ

 

  • စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦးဒဏ်ရာရပြီး နေအိမ် ၁၆ လုံးနှင့် စပါးကျည် ၁ လုံးပျက်စီး

 

D Day News

ဇွန်လ ၅

 

ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာအတွင်း၌ မေလ အတွင်း တိုက်ပွဲပေါင်း ၁၀၇ ကြိမ်ဖြစ် ပြီး အကြမ်းဖက်စစ်တပ်စခန်း ၅ ခု သိမ်းပိုက်ရရှိကာ ကောင်စီတပ်သား ၆၀ ကျော်သေဆုံး၊ ဒဏ်ရာရ ရှိခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

 

မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)အမှတ် (၅) တပ်မဟာလက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီ များအကြား တိုက်ပွဲ တိုက်ပွဲပေါင်း ၁၀၇ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်စခန်း ၅ ခုကို အပြီးအပိုင် သိမ်းပိုက်ရရှိခဲ့ကာ စစ်သား ၆၀ ခန့်သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်နှင့်ပူးပေါင်း တပ်ဘက်က နည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလအတွင်း၌ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း (၅) ခု ဖြစ် သည့် ကျောက်ညှပ်-ဝါလူ (ခမရ-၄၃၄)၊ တာဘူကျိုး (ခမရ-၄၃၄)၊ ပန်ဟိုက်-ကဟီးကျိုး (ခမရ- ၄၃၄)၊ လယ်တိုး (ခလရ-၁၉)နှင့် နတ်တောင်-မောဖိုးကျိုး (ခမရ-၃၄၁) အခြေချစခန်းများ အပြီးအပိုင် ပြန် လည်ရုပ်သိမ်းခဲ့သဖြင့် သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း၊ ထိုပြန်လည်ရုပ်သိမ်းခဲ့သော စခန်းများမှ အကြမ်း ဖက် စစ်တပ်အင်အားများသည် ခေါပုတ်စခန်းတွင် ပြည်လည်ပူးပေါင်းအားဖြည့်တင်းထားကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) အလေးချိန်ရှိ ဗုံးကြီး (၁၂)လုံးကြဲ ချခဲ့သည့်အပြင် အဆင့်မြင့် Drone ဖြင့် ဗုံးကြီးဗုံးငယ်စုစုပေါင်းအလုံး (၁၀၀၀)လုံး ဝန်းကျင်ကြဲချခဲ့ ရာ အပြစ်မဲ့ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် (၁၆)လုံး၊ စပါးကျည် (၁)လုံးထိမှန် ပျက် စီးခဲ့ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးခြံမှ သီးနှံပင်များ ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် စစ်သား ၂ ဦးထက်နည်း သေဆုံး

ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် စစ်သား ၂ ဦးထက်နည်း သေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မောရဝတီရေတပ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေါနတပ်ခွဲ ၆ - ရေဖြူတောင်ပိုင်း ဝေဟင်တပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ...