Mutraw News

Mutraw News

KNU တပ်မဟာ ၅ နယ်မြေ၌ မတ်လ အတွင်း တိုက်ပွဲ ၉၉ ကြိမ်ဖြစ်ပြီး စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၄၂ ဦးသေဆုံး၊ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါး၊ ကိုယ်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၈ ဦးသေဆုံး

 

D Day News

ဧပြီလ ၃

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေ၌ မတ်လ အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉၉ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၄၂ ဦး သေ ဆုံးခဲ့ကြောင်း

 

မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာ နယ်မြေ အ တွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် ၅ တပ်မဟာ လက်အောက် ခံတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး ငယ်စုစုပေါင်း ၉၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်းအကြမ်း ဖက်စစ်ကောင်စီဘက်မှ ၄၂ ဦးသေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၂ ဦးအထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး ၊ ဗိုလ် ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့် ဒုတပ်ကြပ် ၂ ဦးပါဝင်သည်ဟု အတိအကျစုံစမ်းသိရှိရကြောင်း၊ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာတပ်ဖွဲ့ဝင် ၈ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

နှစ်ဖက် တိုက်ပွဲများ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ဒေသရှိ ကျေးရွာများ အတွင်းနှင့် ဒေသနေ ပြည်သူများ၏ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များအတွင်းသို့ လက်နက် ကြီးကျည် စုစုပေါင်း ၄၂ လုံးပစ်ခတ်ခဲ့သည့်အပြင် (Drone) ၊ တိုက်လေယာဉ်များဖြင့် ဗုံးကြီး၊ ဗုံးငယ်စုစုပေါင်း ၁,၄၈၅ လုံး ကြဲချခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဘာသာဝင်ဘုန်းကြီး ၁ ပါးဗုံးဆံ ထိမှန်ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ အရပ်သား ၈ ဦးသေဆုံးခဲ့သည့်အပြင် ဘုန်းကြီး ၁ ပါးနှင့် အရပ်သားပြည်သူ ၃၀ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၈ ဦးအထဲတွင် ကိုယ်ဝန်သည် မိခင်တစ်ဦးပါဝင် ကြောင်း သိရသည်။

 

ထိုအပြင် နေအိမ် ၄၂ လုံး၊ စပါးကျီ ၂ လုံး၊ လယ်ထွန်စက် ၁ လုံး လေယာဉ်ဗုံးများထိမှန် ပျက်စီးခဲ့ပြီး ကျွဲ ၁ ကောင်၊ ဝက် ၁၀ ကောင်နှင့် ဆိတ် ၈ ကောင်သေဆုံးပြီး ကျွဲ ၂ ကောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မတ်လအတွင်းတိုက်ပွဲများကြောင့် ကေအဲန်ယူ အမှတ် ၅ တပ်မဟာ နယ်မြေဒေသအတွင်း၌ နေထိုင်ကြသော ပြည်သူ  ၁,၆၂၄ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

မင်းဘူးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က အိုးပြင်မဲ ရွာက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာနှင့်အိုးပြင်မဲကျေးရွာကြားတွင်အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယမန်‌နေ့ ဩဂုတ် ၁၇ ရက် ညနေ ၂ နာရီ ၃၀ မိနစ်က မင်းဘူးမြို့နယ်၊ ဇီးအိုင်ကျေးရွာဘက်မှ...