Mudon News

မုဒုံ လေဆိပ်သစ် စီမံကိန်းသို့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ လာရောက်စဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကား ၁ စီးထိခိုက်ပျက်စီး

 

D Day News

ဧပြီလ ၇

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာရှိ မုဒုံ လေဆိပ်သစ် စီမံကိန်းကို လာရောက်ကြည့်ရှုသည့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ် ကြီး မြထွန်းဦးနှင့်အဖွဲ့ ရောက်ရှိနေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ ကြောင်း KNDO တပ်ရင်း ၆ ဒရုန်းအဖွဲ့ ထံက သိရသည်။

 

ယမန်နေ့ ဧပြီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၉ မိနစ်ခန့်တွင် မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာရှိ လေ ဆိပ် သစ်စီမံကိန်းကို အကြမ်း ဖက်ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန် ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရောက်ရှိလာ ပြီး လေဆိပ်တည်ဆောက်မည့် စီမံကိန်းဧရိယာအတွင်း ယာယီ ရှင်းလင်းဆောင်သို့ ရောက်ရှိစဉ် ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုကို KNDO တပ်ရင်း ၆ ဒရုန်းအဖွဲ့နှင့် မုဒုံ ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီးလေဆိပ်သစ် စီမံကိန်းရှိ Alphard ကားအဖြူ ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ် ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သီတင်းကျွတ်လပြည့်နေ့ပင်မရှောင် ဖက်ဆစ်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်က သီတင်းကျွတ်လပြည့်နေ့ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအ ဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ...