Movie News

Movie News

၀၂၅ ခုနှစ်တွင် မျှော်မှန်းထားသည့်နိုင်ငံရေးရလဒ်များ ထွက်ပေါ်ရန် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးက တိုက်တွန်း (ရုပ်သံ)

 

D Day News

ဧပြီလ ၃

 

လာမည့် ၂၀၂၅ ခုနှစ်တွင် မျှော်မှန်းထားသည့် နိုင်ငံရေးရလဒ်များ ထွက်ပေါ်ရန် ကွင်းဆက်မိမိ စနစ် တကျ တည်ဆောက်ရန် လိုအပ်ကြောင်း NUG အစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

 

ယမန်နေ့ ဧပြီလ ၂ ရက်နေ့က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၃ / ၂၀၂၄ အစိုးရ အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နောင်လာမယ့် ၂၀၂၅ ခုနှစ်မှာ မျှော်မှန်းနိုင်မယ့် တော်လှန်ရေး ရလဒ်တွေကို အခုအချိန်ကတည်းက ကွင်းဆက်မိမိ စနစ်တကျ တည်ဆောက်ထားဖို့ လိုကြောင်း ပြောချင်ပါတယ်။ အခုဆိုရင် မြန်မာ နိုင်ငံမြောက်ပိုင်း ဧရိယာ တစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ ကချင်လွတ်မြောက်ရေး တပ်မ တော်ရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ အင်မတန် အားရကျေနပ်စရာ ကောင်းတာကိုလည်း ထင်ထင်ရှားရှားတွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကချင် လွတ်မြောက်ရေးတပ်မတော်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ် နေပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

https://youtu.be/T4-V4lEnE-4

အမျိုးသားညီညွတ်ရေးအစိုးရသည် နွေဦးတော်လှန်ရေးတစ်ခုလုံး၏ ကံကြမ္မာနှင့် ဆက်စပ်ပြီး ဖြစ် တည်နေသည့် အစိုးရအဖွဲ့ဖြစ်သည်ဆိုတာ သတိချပ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ၎င်း တို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် အနာဂတ် ကံကြမ္မာကို အမျိုးသားညီညွတ်ရေးအစိုးထံ အပ်နှံ ထားသည်ကို မမေ့ရန် လိုကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ အထူးတိုက်တွန်းပြောဆို ထားသည်။

 

“ကျွန်တော်တို့ရဲ့ စဉ်းစားဆုံးဖြတ်ချက်တွေဟာ ထိရောက်တဲ့ မဟာဗျူဟာ စဉ်းစားချက်တွေဖြစ်ဖို့ လိုသလို၊ အခြေအနေနဲ့ အချိန်အခါကို နားလည် သဘောပေါက်ပြီး စဉ်းစားတဲ့ ဆောင်ရွက်မှုတွေ လည်း ဖြစ်ဖို့လိုပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ပြီးခဲ့သည့် အတိတ်ကာလက ဒီမိုကရေစီတော်လှန်ရေး၊ ကျောင်းသားတော်လှန်ရေး၊ လူထုတော်လှန် ရေးနှင့်တိုင်းရင်းသားတော်လှန်ရေး စသည့် အင်အားစုများသည် နွေဦးတော်လှန်ရေးကို နောက် ကွယ်မှ ကျေးဇူးပြုခဲ့၍သာ နွေဦးတော်လှန်ရေးလှိုင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့သည်ဟု ပြောဆိုနိုင် ကြောင်း၊ ထိုကြောင့် အချိန်အခါကောင်းနှင့် အခွင့်အခါကောင်းကို အလေးအနက်စဉ်းပြီး လူထုအ တွက် အကောင်းဆုံးသော တော်လှန်ရေး ရလဒ်များ ထပ်မံဆောင်ကြဉ်းပေးရန်လိုကြောင်း အထူး မေတ္တာရပ်ခံထားသည်။

 

“လက်ရှိ တည်ဆဲအခင်းအကျင်းမှာ၊ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန် ရေး တွေဟာ တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့တာကို ကျွန်တော်တို့ အားလုံး လက်ကမ်းကြိုဆို ကြောင်း ပြောကြားချင်ပါတယ်။ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ အခြေအနေကို ပြည်ပြည့်ဝဝ နား လည် သဘောပေါက်ကြဖို့ အရေးကြီးကြောင်း ပြောကြား ချင်ပါတယ်။” ဟု နိုင်ငံတော်သမ္မတဒူဝါလ ရှီးလက ဆက်လက်ပြောကြားသည်။

 

ပြည်တွင်းရှိ ပြည်သူလူထုနှင့် နယ်စပ်ဒေရှိ ပြည်သူလူထုများ၏ ဝန်ထုပ်ဝန်ပိုး မတူညီကြောင်း၊ အ လားတူ မြို့ပြတွင် နေထိုင်သည့် ပြည်သူလူထုနှင့် ကျေးလက်ဒေသ နေပြည်သူလူထု၏ ဝန်ထုပ် ဝန်ပိုး မတူညီကြောင်း၊ ထိုသို့ မတူညီကြသော်လည်း ပြည်သူလူထုအားလုံးတွင် ဝန်ထုပ်ဝန်ပိုး ကိုယ်စီ ရှိနေကြောင်း သတိပေးထားသည်။

 

“ကျွန်တော်တို့တတွေရဲ့ မဟာဗျူဟာ စဉ်းစားချက်တွေဟာ လူထုရဲ့ ဘေးဒုက္ခတွေကို လျော့ပါး သက် သာစေဖို့ အဓိက စဉ်းစားရမှာ ဖြစ်သလို၊ လူထုကို အမြဲတမ်း ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်စနစ် အ မြစ်ပြတ် ချုပ်ငြိမ်းဖို့အတွက်လည်း အဓိကထား စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ပြည်သူလူထုနဲ့ အတူ တော်လှန်ရေးအောင်ပွဲတွေဆီ ဆက်လက်ချီတက်နိုင်ကြဖို့ အထူးမျှော်လင့် ကြောင်း ပြောကြားအပ်ပါတယ်။” နိုင်ငံတော်သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ လုပ်ဆောင်

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ လုပ်ဆောင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ် ပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးချခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ဩဂုတ်လ ၈ ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးကာ ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများသည် အရပ်သားပြည်သူများကို မတရားဖမ်းဆီးခြင်း...