Monywa&Budalin News

Monywa&Budalin News

ဘုတလင်းမြို့နှင့် မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဧပြီလ ၈

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းများနှင့် မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၅ ရက်နေ့က ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ နေရာများကို ဒရုန်း လေယာဉ် ၄ စီးဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၆ ရက်နေ့က မုံရွာမြို့နယ်၊ သာစည်ရဲစခန်းအတွင်းသို့ ဒရုန်း လေယာဉ်ငယ် စီးဖြင့် ဗုံးသီး ၅ လုံး ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ဒရုန်း လေယာဉ် ငယ် ၂ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

“ခွေးသေထိခိုက်မှုကတော့ မသိရသေးဘူး၊ ထိခိုက်မှုကတော့ရှိနိုင်ပါတယ်၊ အပြည့်အစုံမသိရသေး ဘူး၊ သာသစည်ရဲစခန်း ဗုံးကျဲမှုမှာက ဒရုန်း ၂ စီးဆုံးရှုံးခဲ့ပါတယ်။ တစ်စီးက Error ဖြစ်သွားတာ Jammer ကြောင့်လို့ထင်ပါတယ်။ တစ်စီးက ပြန်မလာတာ။ အဲလို ဒရုန်းစီးဆုံးရှုံးသွားတဲ့အတွက် ထပ်မံဝယ်ယူနိုင်ဖို့ မိဘပြည်သူတွေကို ပါဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers (DGF တပ်ခွဲ) ၊ မုံရွာခရိုင်တပ်ရင်း -၂၇ ၊ Lion – LPDF နှင့် နယ်မြေ ၇ တိုက်နယ်မှူးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ မန်ဟုန်း‌ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...